Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ နိုင်ငံသား ၃၀၀ နီးပါးကို အိန္ဒိယ ပြန်လည်ခေါ်ဆောင်

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ အိန္ဒိယ နိုင်ငံသား ၃၀၀ နီးပါးကို အိန္ဒိယက လေကြောင်းကနေ ပြန်လည် ခေါ်ယူသွားခဲ့ကြောင်း သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ အိန္ဒိယ နိုင်ငံသား ၃၀၀ နီးပါးကို အိန္ဒိယက လေကြောင်းကနေ ပြန်လည် ခေါ်ယူသွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့မှာ အိန္ဒိယ အစိုးရက C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတစ်စီး စေလွှတ်ပြီး အမျိုုးသား ၂၆၆ ဦးနဲ့ အမျိုးသမီး ၁၇ ဦးကို ပြန်လည် ခေါ်ဆောင်သွားတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒုတိယ အသုတ်အနေနဲ့ မတ်လ ၁၁ ရက်နေ့မှာလည်း အိန္ဒိယဟာ နိုင်ငံသား ၂၅၇ ဦးကို ထပ်မံ ခေါ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့အတူ ထိုင်းနယ်စပ်၊ မြန်မာနိုင်ငံဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ဖြိုခွင်းမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ကျားဖြန့် ဝန်ထမ်းဟောင်း နိုင်ငံခြားသား ၇၀၀၀ လောက်ဟာ မြန်မာဖက်ခြမ်းက မြဝတီမြို့နယ်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အခုတော့ အိန္ဒိယဟာ နိုင်ငံသားတွေကို ခေါ်ထုတ်တဲ့ အစီအမံကို စတင်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကလည်း ထိုင်း၊ မြန်မာတို့နဲ့ ပူးပေါင်းပြီး ကျားဖြန့်ဂိုဏ်းတွေကို ဖိဖိစီးစီး စတင် ဖြိုခွင်းလာတဲ့နောက်ပိုင်း နိုင်ငံသား ၂၀၀၀ ကျော်ကို စင်းလုံးငှား လေယာဉ် ခရီးစဉ်တွေ အသုံးပြုပြီး ပြန်လည် ခေါ်ယူထားပြီး ဖြစ်ပါတယ်။

တရုတ် ဒုစရိုက်ဂိုဏ်းတွေက အဓိက ဦးဆောင် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာဖက်ခြမ်း နယ်စပ်တလျှောက်မှာ ပျံ့နှံ့ တည်ရှိနေခဲ့ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေရရှိတဲ့ လိမ်လည်မှုတွေကို ပမာဏ အလုံးအရင်းနဲ့ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းတွေမှာ အသုံးချဖို့ သိန်းနဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ အွန်လိုင်းကနေ အလုပ်အကိုင်၊ ချစ်မှုရေးရာ ကိစ္စတွေနဲ့ လိမ်လည် လှည့်စားပြီး လူကုန်ကူး ခံခဲ့ကြရပါတယ်။ ကျားဖြန့်ဂိုဏ်းတွေမှာတော့ အဲဒီလူကုန်ကူးမှု သားကောင်တွေဟာ ကျေးကျွန်စနစ်ဆန်ဆန် အလွန်အကျွံ ခိုင်းစေတာ၊ နှိပ်စက်တာ၊ အမြတ်ထုတ်တာတွေ ခံခဲ့ရကြောင်း ကိုယ်တွေ့ ကြုံခဲ့သူတွေက ပြောကြားခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်ကတော့ ကျားဖြန့် ဝန်ထမ်းဟောင်းတွေကို ရာဇဝတ်မှုဆိုင်ရာ သံသယ ရှိသူတွေအနေနဲ့ သဘောထား ဆက်ဆံလေ့ရှိပြီး နေရပ်ပြန်ခေါ်ရာမှာ လက်ထိတ်ခတ်သွားလေ့ ရှိတယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

နိုင်ငံတကာ

တရုတ်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးဟာ ရည်းစားကို လှည့်စားပြီး မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုဆီ ရောင်းစားသွားခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။