Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လက်ပံလှရွာဗုံးကြဲမှု ​သေဆုံးသူ၂၇ဦးအထိတိုးလာ

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

ရဲခေါင်/People’s Spring

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

ယနေ့(မတ်လ ၁၄ ရက် ) ညနေ (၃)နာရီခန့်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချ ခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် လေကြောင်းတိုက်ခိုက်ခံရမှု​ကြောင့်ကလေးငယ် နှစ် ဦးအပါအဝင် ပြည်သူ ၁၁ ဦးနှင့် ထိခိုက်သူ ၃၀ ဦး ဝန်းကျင်ကို အတည်ပြုနိုင်ခဲ့သော်လည်း ဒဏ်ရာရသူများထဲမှ သေဆုံးသူထပ်တိုးလာခြင်းဖြစ်သည်။

“စျေးရောင်းစျေးဝယ်လူစည်းကားနေတဲ့နေရာကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ဂျက်ဖိုက်တာ ဗုံးနှစ်လုံးကြဲ ချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ နောက်ဆုံးသိထားတဲ့သ တင်းအချက်အလက်ဆိုရင် သေဆုံးသူဟာ ၂၇ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်”ဟု ကိုအော်စမွန်က မတ်လ ၁၄ ရက်ည ၁၀ နာရီဝန်းကျင်တွင် လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စဥ့်ကူးမြို့သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက်ပိုင်း တိုက်ပွဲများလုံးဝ ဖြစ်ပွားခြင်းမရှိဟု ၎င်းက ဆက်​ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေရှိ ပြည်သူများကို ပစ်မှတ် ထားသော လေကြောင်းတိုက်ခိုက်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်မှုများတွေ့ရကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ယနေ့ ထုတ်ပြန်ထားသည်။

ယခုလ ၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာကိုပင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ​များရှိခဲ့သည်။

လေကြောင်းမှ ဗုံးကြဲခံရသော လက်ပံလှရွာသည် စဥ်ကူးမြို့နယ်၏ အလယ်ပိုင်းတွင်ရှိကာမတ္တရာနှင့် သပိတ်ကျင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းမဘေးရှိ အချက်အချာကျသည့် ကျေးရွာတစ်ခုဖြစ်သည်။

ရှမ်း-မန်း စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်က စဥ့်ကူးမြို့နယ်ကို MDY PDF ဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်များကအပြီးသတ် သိမ်းပိုက်ထားခြင်းဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို