Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးပူး​ပေါင်းတပ်က ​အောင်​ဇေယျစစ်​ကြောင်းကို ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဝန်းကျင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေကြောင်း အဆိုပါဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

နဒီ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဝန်းကျင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေကြောင်း အဆိုပါဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ် − မြဝတီ အာရှလမ်းပိုင်းအား ထိန်းချုပ်ရန် အင်အားသုံးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

သို့သော် ယခုမတ်လပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး လက်ရှိတွင် KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေသည်ဟု PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ထိုးစစ်အနေနဲ့ စနေပြီ။ ဒေါနတောင်နဲ့ ကော့ကရိတ်ကြားက အောင်ဇေယျကို တွယ်နေတာ။ ဒေါနတောင်ပေါ်က အောင်ဇေယျကတော့ အသေပိတ်ထားပြီးပြီ။ အဲဒီအပေါ်မှာ တိုက်ပွဲသိပ်မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။ ကော့ကရိတ်နှင့် ဒေါနတောင်ကြားတွင် အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၅၀၀ခန့်ရှိနိုင်ကြောင်း အဆိုပါ စစ်ကြောင်းမှူးက သုံးသပ်သည်။

ထို့အပြင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။

မတ်လ ၁၇ရက်တွင် ကော့ကရိတ်မြို့အနီး၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့၊ တတံကူး၊ ရေလယ်ကုန်း၊ ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။

” အလင်းဝင်လာတာတွေလည်း ဆက်တိုက်ပဲ” ဟု PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲများအတွင်း အောင်ဇေယျစစ်ကြောင်းထံမှ လက်နက်များသိမ်းရခဲ့သည်ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့မှ မြဝတီ အာရှလမ်း၊ ဒေါနတောင်လမ်းဟောင်းနှင့် ကော့ကရိတ်တောင်ပိုင်း ကျေးရွာဘက်သို့ စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များမှာ မတ်လ ၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ်လိုလို ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနှင့် ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “ ​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်ကစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၁ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၁၀ ရက်ကျော်ကြာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ်စခန်းနဲ့ တောင်ယာကမ်းကျေးရွာ ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့က ထုတ်ပြန်ထားပါတယ်။

Facebook