Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ချောင်းဦးမြို့နယ်က မိသားစုဝင်သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်‌‌၊ ချောင်းဦးမြို့နယ်ထဲက သုံးပန်လှကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ပန်လှကျေးရွာက မီးလောင်ခဲ့တဲ့ နေအိမ်တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၇၊၂၀၂၅။မေ၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်‌‌၊ ချောင်းဦးမြို့နယ်ထဲက သုံးပန်လှကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ချောင်းဦးမြို့နယ်၊သုံးပန်လှကျေးရွာကို ဧပြီ ၆ရက် ည၁၁နာရီခွဲလောက်မှာ မုံရွာမြို့ဘက်ကလာတဲ့ စက်တပ် လေထီးနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။

ဗုံးဟာ ကျေးရွာအတွင်းကျခဲ့ပြီး နေအိမ်အချို့လည်းမီးလောင်ကာ အသက် ၆၅နှစ်နဲ့ ၅၆နှစ်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၆၀ရွယ် အမျိုးသားတစ်ဦး၊စုစုပေါင်း မောင်နှမသုံးဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘာသတင်းမှမကြားဘူး။မုံရွာ၊ချောင်းဦးနယ်က ဘာမှမရှိလည်း ရွာ တွေထဲကို သူတို့(စကစ)က ပါရာ မောတာ တွေနဲ့ ကြဲနေကြပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “သုံးပန်လှက ဒေသအခေါ် အနိမ့်ပေါ့။မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတာပါ။ညက ဖြစ်ဖြစ်ချင်းက ဗုံးကွဲသလို အကျယ်ကြီး။ဗုံးကျတဲ့အိမ်က သွပ်မိုးထရံကာပါ။ပြီးတော့ မီးလောင်တာပဲ။မနက်မှ အလောင်းတွေ ဆွဲထုတ်ရတာ။မီးသွေးခဲတွေအတိုင်းပဲ။ရက်စက်ကြလွန်းတယ်။ဘာတိုက်ပွဲမှာလည်းမရှိဘူးလေ “လို့ ပြောပါတယ်။

မိသားစုဝင်သုံးဦးလုံးဟာ နေအိမ်မီး လောင်တဲ့အထဲမှာပဲ သေဆုံးသွားတာလို့ သိရပါတယ်။

နိုင်ငံအလယ်ပိုင်းကို ဆိုးရွားစွာထိခိုက်ခဲ့တဲ့ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ဖြစ်ပွားမှုအပြီး ချောင်းဦးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်က တိုက်ခိုက်မှု ငါးကြိမ်အထိရှိတယ်လို့လည်း ချောင်းဦး PDF တာဝန်ခံကိုသန့်က ပြောပါတယ်။

“ငလျင်လှုပ်တဲ့နေ့က ညပိုင်းမှာတစ်ကြိမ်၊ ၃၁ ရက်နေ့ မှာတစ်ကြိမ်၊ပြီးတော့ မနေ့က တစ်ကြိမ် AS(Air Strike) လုပ်ခဲ့တယ်။ပြီးတော့ ဒီကြားထဲမှာ ရွာကို မီးရှို့တယ်။ပြည်သူတွေကိုပြန်ပေးဆွဲခဲ့တယ်”လို့ ကိုသန့်က ပြောပါတယ်။

စစ်ကောင်စီက စက်တပ် လေထီးအသုံးပြုမှုကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မန္တလေးတိုင်း၊တောင်သာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စတင်အသုံးပြုခဲ့ပြီး ၂၀၂၅အတွင်းမှာ စစ်ကိုင်းတိုင်းက မုံရွာနဲ့ချောင်းဦးမြို့နယ် တွေမှာပါ အသုံးပြုလာတာပါ။

ညဘက်နဲ့ မနက်အလင်းရောင် သေချာမရသေးတဲ့အချိန်တွေမှာ အသုံးပြုနေတာမို့ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်တာမျိုး မလုပ်နိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook