Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ မတ္တရာအနောက်ခြမ်းက အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ဧပြီ ၂၄၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ဧပြီ ၂၃ရက်နေ့ မနေ့က မနက်၉နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က မတ္တရာမြို့ဘက်ကနေ လက်နက်ကြီးနဲ့ မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ပစ်ခတ်ခဲ့ရာမှာ မြစ်တဖက် ကျေးရွာကို ကျရောက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလက်နက်ကြီးအစမှန်ပြီး အသက်၅၂နှစ် အရွယ် အမျိုးသမီးတစ်ဦးလက် မောင်းမှာထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ထဲကလို့ ယူဆရတယ်။လက်နက်ကြီးနဲ့ စစ်တပ်က ပြည်သူတွေရှိတဲ့ဖက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တာပါ”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ဧပြီ ၂၁ရက်ကပဲ မတ္တရာမြို့နယ်အနောက်ခြမ်းက အိုက်ဒိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ သုံးဦးထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားတဲ့မတ္တရာမြို့နယ်အ‌​ရှေ့ခြမ်းကိုစစ်ကောင်စီတပ်က စစ်​ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲ​တွေဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေနဲ့ နယ်ခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်သတ္တုတွင်း၊ကျောက်တံတား နဲ့ ထန်းပင်ကုန်ကျေးရွာတို့ဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်​ရေး)မှာမန္တ​လေးPDF နဲ့မဟာမိတ်​တွေကစဥ့်ကူးမြို့ကို သိမ်းပိုက်ခဲ့သလို့ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက စစ်တပ်တပ်စွဲရာ စခန်း​ပေါင်း၄၀ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ​ဖယောင်းတောင်သတ္တုတွင်းတပ်စခန်း ၊ ဆည်​တော်ကြီး စစ်စခန်း ၊ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် စခန်းစတဲ့ စစ်တပ်စခန်း​တွေ ပါဝင်ပါတယ် ။

မတ္တရာမြို့နယ်အ​နောက်ခြမ်းကို​လည်းဒေသခံ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက် ထိန်းချုပ် ထား​ပေမယ့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်​ကောင်စီတပ်ကစစ်​ကြောင်းထိုးပြီးတိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါအပြင် မန္တ​​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုပါ စစ်​ကောင်စီကသင်္ကြန်အပြီးမှာစစ်​ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။ စစ်​ကောင်စီဟာဧပြီ ၂ ရက်က​နေ ဧပြီလကုန်အထိယာယီအပစ်ရပ်တယ်လို့​ကြေညာ​ပေမယ့် ​မြေပြင်မှာစစ်​ကြောင်းထိုး​တိုက်ခိုက်လာတာဖြစ်ပါတယ်။

စစ်​ကောင်စီတပ်က သတင်းရင်းမြစ်တစ်ဦးက သင်္ကြန်အပြီးမှာ စစ်​​ကောင်စီတပ်က မန္တ​လေးPDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ရှမ်းကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ ပြောပါတယ် ။ အဲလိုတိုက်ခိုက်တာမှာ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်ကုန်းကျေးရွာကို ဧပြီလ၂၀ ရက်နေ့ မှာ ​ခေတ္တသိမ်းယူနိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ် တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပြီးပြန်လည်သိမ်းယူသွားတယ်လို့ အထက်ပါသတင်းရင်းမြစ်က​ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook