Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီတပ်များကို မောင်းထုတ်မည်ဟု KNLA ဒုစစ်ဦးစီးချုပ် ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

KNLAဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မေ၁၂၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

တနင်္သာရီကမ်ပိန်းနှင့်ပတ်သက်ပြီး KNLA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုအချိန်မှာ တနင်္သာရီ ကမ်ပိန်း တနင်္သာရီ တိုင်းဒေသကြီးအတွက် ပူးပေါင်းပါဝင်ဖို့ အင်အားနဲ့ ထောက်ပံ့မှု တွေများစွာ လိုအပ်နေတယ်။ ကျနော်တို့ အားလုံး ပူးပေါင်းပါဝင်မယ်ဆိုရင် ကြီးမားတဲ့ အင်အားတခုဖြစ်လာမယ်။ အဓိက အင်အားပဲလိုတယ်။ ပူးပေါင်းပါဝင်ညှိနှိုင်းဆွေးနွေးမှု၊ နားလည်မှု ဒါတွေအားလုံးက အင်အားအရင်းအမြစ်ဖြစ်တယ်။ တနင်္သာရီတလျှောက်လုံးနဲ့ တပ်မဟာ(၄) နယ်မြေ တခုလုံးမှာရှိနေတဲ့ နေရာအများစုက ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက်နဲ့ ကျနော်တို့ နယ်မြေထဲမှာရှိတဲ့ ရန်သူ တွေအားလုံးကိုမောင်းထုတ်ရမယ်။ပြီးတော့ ကျနော်တို့ လူမျိုးအတွက် စစ်မှန်ပြီး မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ရမယ်”ဟု ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောသည်။

Public Service Announcement

Public Service Announcement

အနာဂတ်တွင် တခြားသော လူမျိုးများနှင့်အတူ အသက်ရှင်နေထိုင်ရန်အတွက်၊ ကရင်လူမျိုးများ၏ ပြီးပြည့်စုံသည့် လူမှုဘ၀ နေထိုင်မှု ရရှိရေးအတွက် တနင်္သာရီ ကမ်ပိန်း၌လိုအပ်နေသည့် အထောက်အပံ့များကို တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ကရင်လူမျိုးများသာမက အခြားသော နေရာဒေသများရှိ ကရင်လူမျိုးများအားလုံး ပူးပေါင်းပါဝင်အင်အားဖြည့်ကြရန်လည်း KNLA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းသည်။

“ဒါကြောင့် နေရာတိုင်းမှာ ရှိနေကြတဲ့ ညီအကို မောင်နှမများနဲ့ ခေါင်းဆောင်များအားလုံး ဒီကမ်ပိန်းအကြောင်းကို ကြားသိကြရင် လက်လှမ်းမီသလောက် တက်နိုင်သလောက် စေတနာ စိတ်ရင်းအမှန်နဲ့ ကူညီကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ နည်းတာ များတာ အဓိက မဟုတ်ဘူး။ ကျနော်တို့ ရည်ရွယ်ထားတဲ့ အနာဂတ်ကို ရောက်ရှိဖို့ အတွက် တက်နိုင်သလောက် ဝိုင်းဝန်း အားဖြည့် လုပ်ဆောင်ကြဖို့ တကယ်လိုအပ်တယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

တနင်္သာရီကမ်ပိန်း ရံပုံငွေ ရှာဖွေမှုကို မေလ ၁ရက်မှ ဇွန်လ ၁၅ရက်အထိ တလခွဲအတွင်း ထိုင်းဘတ် ၃သန်း ရရှိရေး ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ကမ်ပိန်းလုပ်ဆောင်ရခြင်းမှာ အကြောက်တရားများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို အကာအကွယ်ပေးရန်၊ လိုအပ်သည့် တည်ငြိမ်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ကို တည်ဆောက်ရန်၊ စစ်အာဏာရှင်အား တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ KNU တပ်မဟာ(၄)နယ်မြေဒေသ အတွင်းမှ တွန်းထုတ်ရန် ရည်ရွယ်ကြောင်း ကမ်ပိန်း ဦးဆောင်သူများက အသိပေးသည်။

KNLA တပ်မဟာ(၄)သည် လက်ရှိတွင်လည်း တနင်္သာရှိတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ ဧပြီ ၁၉ရက်က ထီးထစစ်ကောင်စီ ဗျူဟာစခန်း၊ မေလ ၉ရက်တွင် ထီးခီးနယ်စပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook