Connect with us

Hi, what are you looking for?

သတင်း

အိုးထိန်းတွင်းရွာ​ကျောင်းဗုံးကြဲခံရမှု ​​သေဆုံးသူ ၂၂ ဦးထိတိုးလာ

ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး နှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

ကျောင်းကို ဗုံးကြဲခံရပြီး​နောက် ပိုင်ရှင်မဲ့သွား​သော လွယ်အိတ်​လေးများနှင့် မြင်ကွင်း / ​သေဆုံးခဲ့​သော ​ကျောင်းသား​ကျောင်းသူများ၏ အမည်စာရင်း။ဓါတ်ပုံ-ဒီပဲပင်းပကဖ

မေ-၁၂၊၂၀၂၅။ကဖေး၊​ဇေ​အောင်/People’s Spring

ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး နှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

အိုးထိန်းတွင်းရွာအလယ်တန်းကျောင်းကိုမေလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံးဗုံးကြဲခြင်းဖြစ်သည်။

“တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ကျောင်းသားကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း(၂၂)ဦးပွဲချင်းပြီးသေဆုံးပြီး အရေးပေါ် ဆေးကုသမှုခံယူရသူ ၄၀ ခန့် ရှိသည်ဟု အတည်ပြုကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကယ‌နေ့ညနေ၅ နာရီခန့်တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Grade 2 မှ Grade 11ကြားကျောင်းသူ ၁၅ဦး၊ ကျောင်းသားငါးဦး နှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ခြင်းဟုသတင်းရရှိသည်။ ဒဏ်ရာရရှိသူများ၏အခြေအနေကို အသေးစိတ်မသိရှိရသေးပေ။

“၅နှစ်၊ ၆နှစ်‌ကလေးတွေပါတယ်။တချို့‌ကလေးတွေဆိုဒဲ့မှန်လိုက်တော့ ကျနော်ကိုယ်တိုင်ပဲလိုက်ကောက်တာ ခန္ဓာကိုယ်ရှာမတွေ့တော့ဘူး။ခြေထောက်ပဲတွေ့တယ်”ဟု ဒေသခံတဦးကပြောသည်။

https://www.facebook.com/LuduNwayOo/videos/717609474081952

ထို့အပြင် ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ဆေးကုသမှုခံယူရသူ အရေအတွက်မှာ(၄၀)ခန့် ရှိနေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

“စာသင်ကျောင်းတည့်တည့်ပေါ်ကျတာ။ တအိမ်ထဲက ကလေးနှစ်ယောက်ဆုံးရှုံးသွားသူတွေရှိတယ်။”ဟု ဒေသခံတဦးက ပြောသည်။လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တရွာလုံးထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါစာသင်​ကျောင်းသည် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG ) ၊ပညာ​ရေးဝန်ကြီးဌာန၏ကြားကာလပညာ​ရေး စနစ်ဖြင့် ​​ဒေသခံကျောင်းသား၊​ကျောင်းသူများကိုပညာသင်ကြား​ပေး​နေ​သော​ကျောင်းဖြစ်သည်ဟု သိရသည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့်၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်ကလည်း လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပိုဆိုးပြင်းထန်စွာ ပြုလုပ်နေပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် ရက်ပိုင်းအတွင်း နေ့စဥ် ပြည်သူဆယ်ချီ သေဆုံးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။