Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ် လယ်မရွာမှလူငယ် ၁၁‌‌ဦးကို သတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)ရွာ​တွေကိုထပ်မံစစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ(၅၀)တပ်ရင်းစစ်ကြောင်း သတ်ဖြတ်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ

မေ-၁၃၊၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၂ရက် မနက်အစောပိုင်းက လယ်မကျေးရွာကို စီးနင်းဝင်ရောက်ကာ အသက်မပြည့်သေးသူ ကလေးအများစုအပါအဝင် လူငယ် ၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၀ဦးခန့်ကို ဂန့်ဂေါမြို့က ခလရ(၅၀) တပ်ရင်းဆီ ဖမ်းဆီးသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ မနေ့ကညပိုင်းကပဲ စစ်ကားသုံးစီးနဲ့ လယ်မရွာအနီးက ကျေးရွာတွေကို စစ် ကြောင်းထပ်ထွက်လာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်နေ့ကလို အလစ်အငိုက်ထပ်ထွက်လာတာပဲ။ဂန့် ဂေါမြို့တောင်ဘက်က ရွာတွေကတော့ ရှောင်ကြတာပေါ့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပျားနတ်တောင်ရွာအနီးကို ရောက်နေတယ်လို့လည်း သိရပါတယ်။

အဲဒီကျေးရွာဟာလည်း လယ်မရွာနဲ့ မနီးမဝေးမှာရှိတာမို့ ဒေသခံတွေလည်း သတိအနေအထားနဲ့ နေရတယ်လို့ဒေသခံတစ်ဦးက ဆိုပါတယ်။

လယ်မရွာမှာ စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ လူငယ်၁၁ဦးကိုတော့ မနေ့က သဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။