Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်အနီးရှိ မယ်လစခန်းကို KNU စတင်တိုက်ခိုက်နေ

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဓာတ်ပုံ - วันนี้ที่แม่สอด อ.แม่สอด/FB

မေ – ၁၅ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

မယ်လစခန်း​ (​မော်ကွီးလူ) ဟာ KNU တပ်မဟာ (၇ ) စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိပြီး ထိုင်းနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ် ၊ ဝေလယ်မူး (မယ်လ) ရွာ အနောက်ဘက်မှာ တည်ရှိတယ်လို့သိရပါတယ်။

အဲဒီစခန်းကို ဒီနေ့ မနက်ပိုင်း ၄ နာရီခွဲအချိန်မှာ KNU တပ်မဟာ (၇) ကစတင်တိုက်ခိုက်နေပြီး တိုက်ပွဲကြောင့် ဒေသခံတွေလည်းထိုင်းဘက်ကိုထွက်ပြေးတိိမ်းရှောင်သွားကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်းနယ်စပ်အနီး က တာလယ်ဗျုဟာကိုသိမ်းပြီးနောက်မှာ မယ်လစခန်းကိုဆက်လက်သိမ်းယူဖို့ KNU က တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်း မှာ ဝေလယ်မူး(မယ်လ)အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မယ်လအပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။

လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်းနဲ့ တာလယ်ဗျူဟာတို့ကို အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ မယ်လစခန်း၊ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်း နဲ့ နော်တရာစခန်းတို့ ကျန်ရှိနေပါတယ်။

မှတ်ချက် – စခန်းအမည်ကို “မကွီးလူ” အစား “မော်ကွီးလူ” လို့ ပြန်လည်ပြင်ဆင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။