Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်နားက ဘလက်ဒို တပ်စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ် စခန်းတွေ ထဲက ဘလက်ဒို တပ်စခန်း ကို ဒီနေ့ (မေလ ၂၃) မှာ သိမ်းယူလိုက်ပြီလို့ KNU အုပ်ချုပ်ရေးပိုင်းရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာက အတည်ပြုပါတယ်။

ဘလက်ဒို တပ်စခန်း တည်နေရာကို Google Earth က တွေ့ရပုံ

မေ – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ် စခန်းတွေ ထဲက ဘလက်ဒို တပ်စခန်း ကို ဒီနေ့ (မေလ ၂၃) မှာ သိမ်းယူလိုက်ပြီလို့ KNU အုပ်ချုပ်ရေးပိုင်းရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာက အတည်ပြုပါတယ်။

ဘဘက်ဒို တပ်စခန်းဟာ မြဝတီမြို့နယ် ၊ဝေါ်လေမြို့ ၊ ဘလက်ဒိုကျေးရွာ နားမှာရှိပြီး ဒီနေ့ မနက်ပိုင်းမှာ သိမ်းလိုက်တာပါ။

ဘလက်ဒို တပ်စခန်း တည်နေရာကို Google Earth က တွေ့ရပုံ

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဘလက်ဒို တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တပ်စခန်းကို သိမ်းလိုက်ပြီး နေ့ခင်းပိုင်းတစ်နာရီအချိန်မှာတော့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်းပြောပါတယ်။

ဘလက်ဒိုစခန်းဟာ ဝေါ်လေဗျုဟာ စခန်း ၊ ဥကရစ်ထ စခန်းတွေရဲ့ ကာကင်း တစ်ခုဖြစ်ပြီး အဲဒီကင်းစခန်းကျပြီးနောက်မှာ မြဝတီ – ဝေါ်လေ လမ်းပိုင်းပေါ်က သေဘောဘိုးရွာမှာရှိတဲ့ သေဘောဘိုး တပ်စခန်းကိုဆက်လက်တိုက်ခိုက်ဖို့ လွယ်ကူသွားပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မြဝတီမြို့တောင် ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလက်ဒို ၊မော်ခီး နဲ့ သေဘောဘိုး တပ်စခန်းတွေ ဟာ မေလ ၂၀ ရက်က ဒရုန်းနဲ့ စတင်တိုက်ခိုက်ခံရတာပါ။

အဲဒီတပ်စခန်းတွေဟာ KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာတည်ရှိပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

ဘလက်ဒို စခန်း ကျသွားပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း၊ ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊ သေဘောဘိုး၊ ဝါးမီထ၊ ဥကရစ်ထ၊ ကနဲလေး၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook