Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ NUG တိုက်ရိုက်ဆွေးနွေးဖို့ အချိန်အခါ သင့်နေပြီလို့ မလေးရှား ဝန်ကြီးချုပ်ပြော

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

Reuters

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဓိက ပြိုင်ဘက် အင်အားစု နှစ်ခုနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့တာဟာ အခုဆိုရင် အသီးအပွင့်တွေ စတင် ရရှိလာနေပြီလို့ ယုံကြည်ကြောင်း အန်ဝါက ဆိုပါတယ်။ အဲဒီအတွက်လည်း နောက်တစ်ဆင့်အဖြစ် စစ်ကောင်စီနဲ့ NUGကြား ပထမဆုံးအကြိမ် တိုက်ရိုက် ဆွေးနွေးမယ့် အဆင့်မျိုး ပြင်ဆင်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အန်ဝါက ဆိုပါတယ်။

မလေးရှားဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အန်ဝါနဲ့ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာတော့ NUG အဖွဲ့ဝင်တွေနဲ့လည်း အွန်လိုင်းကနေ ချိတ်ဆက် ဆွေးနွေးခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ NUGကို အကြမ်းဖက် အဖွဲ့အစည်းလို့ တံဆိပ်ကပ်ထားပေမယ့်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှုတွေ အထမြောက်ဖို့ လိုလားတဲ့ သဘောထားမျိုး ရှိနေတယ်လို့ လူမြင်ကွင်း နောက်ကွယ်က ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၊ NUGတို့ကို မလေးရှားက သီးခြားစီ တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ အခုတော့ သူတို့အချင်းချင်း စကားပြောရမယ့်အချိန် ရောက်လာပြီလို့ထင်ကြောင်း အန်ဝါက မလေးရှားရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ ပူထရာဂျာယာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ ပြည်သူတွေဟာ သူတို့အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ NUG ပြောရေးဆိုခွင့်ရ အရာရှိ ဦးနေဘုန်းလတ်က တောင်းဆိုထားတဲ့ အခြေအနေ ၆ ခုကို လိုက်လျောရင် NUGဟာ စစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ တုံ့ပြန်ထားပါတယ်။ အဲဒီ အချက်တွေထဲမှာ စစ်တပ်က နိုင်ငံရေးထဲ ဝင်မပါတော့ကြောင်း အာမခံပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တစ်ခုကို တည်ထောင်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တစ်ခု ရေးဆွဲဖို့၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ မူဘောင်တစ်ခု သတ်မှတ်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ အဲဒီ တောင်းဆိုမှုတွေကို အလျှော့ပေး လက်ခံမယ့် အလားအလာ မရှိပါဘူး။ တစ်ဖက်မှာလည်း ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး တစ်တိုင်းပြည်လုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်အောင် ဒုက္ခပေးပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် စစ်ကောင်စီဟာ လက်တွေ့ကျတဲ့ စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းကို စိတ်ဝင်စားဟန် ပြသလာတယ်လို့ အန်ဝါက ယုံကြည်နေပါတယ်။

မလေးရှား အစိုးရဟာ စစ်ကောင်စီ၊ NUGတို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တချို့ကိုလည်း စတင်ချိတ်ဆက် ဆွေးနွေးနေကြောင်း မလေးရှား သံတမန်ရေး အရာရှိ တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်တွေကိုတော့ ပြောကြားမသွားခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook