Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဖြစ်နိုင်ခြေနှင့် မိုးသတိပေးချက် NUG ထုတ်ပြန်

မေလနောက်ဆုံးရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ အားကောင်းလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

၂၀၂၅ မေလလယ်က ရန်ကုန်မြို့၌ မိုးရွာသွန်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

မေလနောက်ဆုံးရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ အားကောင်းလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ယနေ့ (မေလ ၂၆ရက်)မှ ဇွန်လ ၁ရက်အထိ ရာသီဥတုခန့်မှန်းချက်၌ မုန်းတိုင်းငယ်ဖြစ်နိုင်ဖွယ်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

မုန်တိုင်းငယ်၏ ပြင်းအားနှင့် ဝင်ရောက်မည့် လမ်းကြောင်းကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေသအများအပြား မိုးရွာနိုင်ပြီး အချို့ဒေသများတွင်နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။မုတ်သုံလေအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း ၊ နေရာကွက်၍ မိုးကြီးခြင်း၊မိုးသီးများ ကြွေကျခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေကျွံခြင်းနှင့် မြေပြိုခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ဂရုပြုကြရန် သတိပေးထားသည်။

ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့မှ မြို့အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများဖြစ်ပွားနေသည်။

လတ်တလော ရာသီဥတုအခြေအနေကြောင့် ငလျင်ဘေးသင့်ဒေသများ၌ မြေကျွံ၊ မြေပြိုခြင်းနှင့် ယိုင်နဲ့နေသည့် အဆောက်အအုံများ ပြိုကျခြင်းများသတိပြုကြရန် MOHADMက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

Facebook