Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်အပါအဝင်၃ဦးသေ၊ ​သေနတ် ၅ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BRAVE HEART ARMY-BHAရဲ့တာဝန်ရှိသူက​ပြောပါတယ် ။

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေကိုတွေ့ရစဥ်။ ဓာတ်ပုံ-BHA

ဇွန်-၁၈၊၂၀၂၅။ဇေအောင်၊ရဲ​ခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BRAVE HEART ARMY-BHAရဲ့တာဝန်ရှိသူက​ပြောပါတယ် ။

ဇွန်လ (၁၆)ရက်ည ၁၁ နာရီခွဲခန့်ကချောင်းဦးထွေအုပ်ရုံးက ၃ ပွင့်ဗိုလ်တစ်ဦးအပါအဝင်စစ်အုပ်စုဝင် ၅ ဦးလိုက်ပါတဲ့အိမ်စီးကားတစ်စီးကိုမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ တောပုပျူရွာအနီးမှာ တိုက်ခိုက်ခဲ့ကြောင်း BHA က အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ သုံးပွင့်ဗိုလ်အပါအဝင် စစ်သား၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကာ ၁ ဦး လွတ်မြောက်သွားကြောင်း BHA ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်စီးကားနဲ့ မုံရွာမြို့ထဲသွားတာ။ အဲဒီအချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဝန်ထမ်းကတ်ကတော့ပါလာတယ်။ အဲ့ဒီကတ်ပြားထဲမှာ သုံးပွင့်ကြည်းဆိုပြီးရေးထားတယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ထိုစစ်အုပ်စုထံမှ MA1၊ ပါရီ၊ MA5၊ M9၊ sig batter စုစုပေါင်း သေနတ် ၅ လက် သိမ်းဆည်းရမိပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း BHAက ထပ်မံအသိပေးပါတယ်။

“တစ်ကောင်ဆေးရုံပို့တယ်။တစ်ကောင်လွတ်တယ် ဖမ်းဆီးရရှိမူမရှိလိုက်ဘူး။ညဆိုတော့ မှန်ပြီးပုန်းအောင်နေတာဆိုတော့ မမြင်တွေ့နိုင်တာဗျ အပြန်လှန်ပစ်ခတ်မူရှိခဲ့တယ်”လို့ BHA တာဝန်ရှိသူက ​ပြောပါတယ် ။

စစ်သား​တွေထံမှ ဖုန်းသုံးလုံးကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး​တော့ ၎င်းတို့စီးနင်းခဲ့တဲ့အိမ်စီးကား ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီစစ်ဆင်​​ရေးမှာ ရဲဘော်​တွေအထိအခိုက်မရှိခဲ့ ဘူးလို့ သူကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေမှာ စစ်အုပ်စုဝင်တွေဟာ စစ်တပ်ကယာဥ်တွေနဲ့လာတိုင်း တိုက်ခိုက်ခံရလို့ အိမ်စီးကားတွေနဲ့အပြင် ခရီး

သည်တင်ယာဥ်တွေပေါ်မှာပါ လိုက်ပါနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး