Connect with us

Hi, what are you looking for?

သတင်း

ကရင်နီအမျိုးသားနေ့တွင် IEC က အကျဉ်းကျခံနေရသူ ၁၇၆ဦးကို ပြစ်ဒဏ်လျှော့ပေါ့နှင့် လွတ်ငြိမ်းခွင့်ပြု

(၁၅၀)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်နှင့် လူသားချင်း စာနာထောက်ထားမှုအရ အကျဉ်းကျခံနေရသူ ၁၇၆ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။

IEC လက်အောက်ရှိ အကျဥ်းစခန်းတစ်နေရာအားတွေ့ရစဥ်။ ဓာတ်ပုံ-မင်းသား

ဇွန်-၂၁၊ ၂၀၂၅။ ရဲခေါင်/People’s Spring

(၁၅၀)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်နှင့် လူသားချင်း စာနာထောက်ထားမှုအရ အကျဉ်းကျခံနေရသူ ၁၇၆ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။

ယနေ့သည် လွန်ခဲ့သော ၁၈၇၅ ခုနှစ်က ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှ အစိုးရမစ်ရှင်အဖွဲ့ခေါင်းဆောင်း ဆာသောမတ်ဒေါက်ကလပ်ဖောဆစ်တို့အကြား အနောက် ကရင်နီနယ်အား သီးခြားလွတ်လပ်သော နယ်မြေအဖြစ်အသိအမှတ်ပြု သမိုင်းဝင်လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ပြည့်ဟု ဆိုသည်။

ထို့ကြောင့် ကရင်နီပြည်ကြားကာလ အစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် ဆက်စပ်ပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ အကျဉ်းထောင်၊ စခန်းအသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၁၇၆ ဦးမှာ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

IEC ၏ လျှော့ပေါ့၊လွတ်ငြိမ်းစာရင်းအရ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ၁၄၈ ဦးနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၂၈ ဦး ဖြစ်သည်။

“လွတ်ငြိမ်းထဲမှာ အသေးစားခိုးမှုနဲ့ အသေးစားမူးယစ်ဆေးဝါးမှုတွေပါတယ်”ဟု IEC ၏ တွဲဖက်အတွင်းရေးမှူးဦးဗညားက လူထုနွေဦးသို့​ပြောသည်။

ယမန်နှစ် ဇွန်လ ၂၁ ရက်နေ့က ကရင်နီအမျိုးသားနေ့တွင်လည်း အကျဥ်းသူ ၊အကျဥ်းသား စုစုပေါင်း ၁၁၇ ဦးကိုလည်း IEC က ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးများအတွင်း ကယ်ထုတ်ခဲ့ရသည့် Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင် ၁၀၀ ကျော်ကို IEC၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်က ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဘောမီးလောင်ရင် မီးငြှိမ်းဖို့ အကျဉ်းသားတွေကို ခိုင်းစေ၊ တိုက်ခိုက်ခံရလို့ သင်္ဘောမြုပ်စဉ် သေဆုံး တဲ့ အကျဉ်းသားများလည်းရှိ

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook