Connect with us

Hi, what are you looking for?

သတင်း

ဌာနချုပ်အခြေစိုက်ခဲ့ဖူးသည့် ထီးကပလယ်တပ်စခန်းအား ၂၈နှစ်အကြာတွင် ပြန်သိမ်းနိုင်ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်အဖြစ် ၂ နှစ်ခန့်အ​ခြေစိုက်ခဲ့ဖူး​သော မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူး​ပေါင်းတပ်က ဇွန်၂၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ယ​နေ့သည်။

ထိကပလယ်စခန်းသိမ်းပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-KNU

ဇွန်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်အဖြစ် ၂ နှစ်ခန့်အ​ခြေစိုက်ခဲ့ဖူး​သော မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူး​ပေါင်းတပ်က ဇွန်၂၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ယ​နေ့သည်။

KNUအနေဖြင့် မာနယ်ပလော ဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ရာ (၂) နှစ်မပြည့်မှီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ယင်းစခန်းကို ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန် (၂၂) ရက် ည​​နေပိုင်းတွင် ပြန်လည်ရယူနိုင်ခဲ့ကြောင်း KNUက ဖော်ပြသည်။

KNU၏ထုတ်ပြန်ချက်တွင်ထိခိုက်ကျဆုံး အခြေအနေများ၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေများကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KNLA နှင့်အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တို့ကပူးပေါင်း၍ စခန်းသိမ်းတိုက်ခိုက်ခဲ့​ကြောင်းအသိ​ပေးထားသည်။

KNU သတင်းရင်းမြစ်တဦးက“ရှင်းလင်းရေးပဲ။ ဘာတွေကျန်ခဲ့လဲတော့ မသိဘူး။ ကျန်တော့ ကျန်ခဲ့မယ် လက်နက်ခဲယမ်းက။ ပုံမှန်ကတော့ အင်အား ၇၀ ၊ ၈၀ လောက်ရှိတာ။ အခုက တိုက်ခိုက်ရင်းနဲ့ ထွက်ပြေးတဲ့သဘော။ ထိခိုက်ကျဆုံးကတော့ ရှိမှာ”ဟုစခန်းသိမ်းပြီးအ​ခြေအ​နေကိုပြောသည်။

ထိကပလယ်စခန်းသိမ်းပိုက်နိုင်ပြီဖြစ်၍ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျှောက်၌ ဝေါ်လေဗျူဟာ၊ ဥကရစ်ထစခန်း နှင့် တိသဲလယ်ကာကင်း စခန်း တို့သာ ကျန်တော့သည်။

“နယ်စပ်မှာ ထိကပလယ်ကနေ မြ၀တီတကြောလုံးရှင်းပြီပေါ့” ဟု KNU သတင်းရင်းမြစ်ကဆက်ပြောသည်။

စခန်းသိမ်းတိုက်ပွဲ၌ပါဝင်ခဲ့သည့်Force for Federal Democracy(FFD) တပ်ဖွဲ့ကလည်းထိကပလယ်စခန်း ကို ဇွန်လ ၄ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၂တွင် ရရှိခဲ့ကြောင်း ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။စခန်းသိမ်း တိုက်ပွဲ အခြေအနေများကို ထုတ်ပြန်ပြောဆိုရန် မရှိ​သေး​ကြောင်းလည်း ၎င်းကပြောသည်။

FFD အနေဖြင့် KNU တပ်မဟာနှင့် ခရိုင် ၇ ခု၌ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိရာ ယခုနှစ်အတွင်း တပ်မဟာ(၇)နယ်မြေ မာနယ်ပလော စခန်းသိမ်းတိုက်ပွဲ၊တပ်မဟာ(၆)နယ်မြေ ထိကပလယ် နှင့် ကနဲလေး စခန်းသိမ်းတိုက်ပွဲ၊ တပ်မဟာ(၄) ထီးခီး၊ ထီးထ၊ ဘောဒီ စခန်းသိမ်းတိုက်ပွဲ၊ တပ်မဟာ(၁)နယ်မြေ မဲ့ပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲများ၌ ပါဝင်ခဲ့သည်ဟုကိုအောင်အောင်က ဆက်ပြောသည်။

ထို့ပြင် တပ်မဟာ(၅)နယ်မြေ၌လည်း စခန်းသိမ်း တိုက်ခိုက်မှု ပြုလုပ်နေသည့် စခန်းအချို့ရှိသည်ဟု ပြောသည်။

“အခြားထုတ်ပြန်လို့ မရတဲ့ တိုက်ခိုက်တဲ့စခန်းတွေတော့ကျန်ပါသေးတယ်” ဟုလည်းကိုအောင်အောင်ကဆက်ပြောသည်။

KNUသည်ယခုနှစ်အတွင်း တပ်မဟာ အသီးသီး၌ စစ်ရေးအရ စစ်ကောင်စီကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၇)နယ်မြေများရှိ စစ်တပ်စခန်းများစွာ ဆက်တိုက်သိမ်းပိုက်​နေသည်။

(ထိကပလယ်စခန်းသိမ်းပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-KNU ၊FFD ၊Khaosod )

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။