Connect with us

Hi, what are you looking for?

သတင်း

BGF ရဲ့ အထူးတပ်ဖွဲ့သင်တန်းဖွင့်လှစ်

ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ကွ​ယ်သူးအထူးတပ်ဖွဲ့သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြိုင်ဒေသမှာ ဒီနေ့ (ဇွန်လ ၂၉ ရက်) စတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ဇွန် – ၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ကွ​ယ်သူးအထူးတပ်ဖွဲ့သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြိုင်ဒေသမှာ ဒီနေ့ (ဇွန်လ ၂၉ ရက်) စတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့ နီးစပ်သူတွေထံကသိရပါတယ်။

BGF ကွပ်ကဲရေးဌာနချုပ် အမှတ် (၃) စစ်ဒေသက ကြီးမှုးဖွင့်လှစ်တဲ့ အဲဒီစစ်သင်တန်း ဟာအမှတ်စဉ် ( ၄) ဖြစ်ပြီး သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင် တက်ရောက်တယ်လို့သိရပါတယ်။

သင်တန်းမှာတော့ အခြေခံစစ်ပညာ ၊ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်နည်း ၊ ဒရုန်း နဲ့ စနိုက်ပါ သင်တန်းကိုပါ ထည့်သွင်းသင်ကြားစေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

BGF ဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ တပ်သားသစ်အင်အားစုဆောင်းတာကို အဆောတလျင် လုပ်ဆောင်လာတာဖြစ်ပြီး တပ်အင်အားကိုလည်းတိုးချဲ့ဖွဲ့စည်းနေပါတယ်။

အထူးသဖြင့် BGF စိုးမိုးရာ လှိုင်းဘွဲ့မြို့နယ်ထဲက ရွာတွေအပြင် ၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်တွေမှာလည်း တပ်သားသစ်စုဆောင်းတာရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။