Connect with us

Hi, what are you looking for?

သတင်း

BRICS ညီလာခံကို ရှီကျင့်ဖျင်မတက်ရောက်မှုက အများအတွက် အံ့ဩစရာဖြစ်လာ

တရုတ်ဟာစီးပွားရေးဖွံ့ဖြိုးနှုန်းအားပျော့တာ၊ အိမ်ခြံမြေစျေးကွက်ရှုပ်ထွေးကြပ်တည်းတာ၊ လူငယ်လူရွယ်တွေအလုပ်လက်မဲ့ပမာဏများပြားတာစတဲ့ပြသာနာ​တွေနဲ့ရင်ဆိုင်နေရပါတယ်။

ဇူလိုင်-၄၊၂၀၂၅။People’s Spring

BRICS စီးပွားရေးမိတ်ဖက်နိုင်ငံတွေထိပ်သီး အစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်ကပထမဆုံးအကြိမ် မတက်ရောက်ဖြစ်ခဲ့တဲ့အပေါ် ထင်ကြေးမျိုးစုံ ထွက်ပေါ်လာပါတယ်။

အခုနှစ်အတွက်ဘရာဇီးကအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် BRICS ညီလာခံအတွက်အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေစုဝေးနေကြပြီဖြစ်ပေမယ့်ရှီကတော့အဲဒီစာရင်းထဲမှာမပါခဲ့ပါဘူး။ဒါဟာတရုတ်သမ္မတကBRICS ထိပ်သီးညီလာခံကိုမတက်ရောက်ဘဲ ပထမဆုံးအကြိမ် ရှောင်လွှဲမှု ဖြစ်ပါတယ်။

၂၀၁၂ ကစလို့ နှစ်စဉ် BRICS ထိပ်သီး အစည်းအဝေးတွေကို အလေးထား တက်ရောက်ခဲ့တဲ့ ရှီရဲ့ ပျက်ကွက်မှုဟာ အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရက ဇူလိုင် ၆ ရက်နေ့မှာ ကျင်းပမယ့် BRICS ညီလာခံကို ဝန်ကြီးချုပ် လီကျန်းကသာ တက်ရောက်မယ်လို့ ဇူလိုင် ၂ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် ရှီဘာကြောင့် မသွားသလဲ ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

နိုင်ငံရေး အကဲခတ် တချို့ကတော့ ပြည်တွင်းမှာ ကြုံတွေ့နေတဲ့ စိန်ခေါ်မှု တချို့ကြောင့် လတ်တလောမှာ ရှီက ဘေဂျင်းကို မခွာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ဟာ စီးပွားရေး ဖွံ့ဖြိုးနှုန်း အားပျော့တာ၊ အိမ်ခြံမြေစျေးကွက်ရှုပ်ထွေးကြပ်တည်းတာ၊ လူငယ်လူရွယ်တွေ အလုပ်လက်မဲ့ ပမာဏ များပြားနေတာမျိုးအခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ အားပြိုင်မှုတွေကလည်း တရုတ်အတွက် အခက်အခဲတချို့ ဖြစ်ပေါ်စေပါတယ်။

စင်ကာပူတက္ကသိုလ်ရဲ့နိုင်ငံရေးသိပ္ပံပါမောက္ခ ချောင်ဂျာအန်းက ရှီဟာ BRICS ညီလာခံကို အလေးထားတယ် ဆိုပေမယ့် လက်ရှိမှာတော့ ပြည်တွင်း စိန်ခေါ်မှုတွေကို ဦးစားပေးဖို့ စိတ်ပိုင်းဖြတ်ထားဟန် ရှိတယ်လို့ပြောပါတယ်။ တရုတ်ရဲ့အာဏာရ ကွန်မြူနစ်ပါတီဟာနောက်ထပ် ၅ နှစ်စာအတွက် မူဝါဒသစ်တွေ ရေးဆွဲဖို့ ပြင်ဆင်နေပြီး အဲဒီအပိုင်းမှာလည်း ရှီက စိတ်နှစ်ထားဟန် ရှိပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ကမ္ဘာ့စီးပွားရေးအပေါ် လက်ဝါးကြီးအုပ် ခြယ်လှယ်မှုကို တန်ပြန်ဖို့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီးတို့လို နိုင်ငံတွေ စုဖွဲ့ထားတဲ့ BRICSအပေါ်တရုတ်ရဲ့မူဝါဒရေးရာဩဇာလွှမ်းမိုးနိုင်အောင်ရှီက အစဉ်တစိုက် ကြိုးစားခဲ့ပေမယ့် အခုနှစ်ညီလာခံကိုသူမတက်ဖြစ်တာကြောင့်အဲဒီ အားထုတ်မှုကို အားလျော့စေလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပမယ့် ညီလာခံကိုတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပူတင် အစည်းအဝေး မတက်ဖြစ်တာက ခိုင်မာတဲ့ အကြောင်းရင်း ရှိနေပြီး သူ့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ထားတာနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

ရှီရော၊မိုဒီပါအစည်းအဝေးမတက်ဖြစ်တာကြောင့် အခုနှစ်ညီလာခံမှာတော့ အများရဲ့အာရုံဟာဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားနဲ့အိန္ဒိယဝန်ကြီးချုပ်နာယန်ဒရာမိုဒီတို့လိုပုဂ္ဂိုလ်တွေအပေါ် အဓိက ကျရောက်လာဖွယ် ရှိနေပါတယ်။

BRICSဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ ထိပ်ဆုံးနာမည် အင်္ဂလိပ်စာလုံးတွေကိုစုပေါင်းမှည့်ခေါ်ထားတဲ့ ဝေါဟာရပါ။ လတ်တလောမှာတော့ BRICSဟာ အင်ဒိုနီးရှား၊ အီဂျစ်၊ အီရန်နဲ့ ယူအေအီးတို့လို နိုင်ငံတွေကိုလည်း အဖွဲ့ဝင်သစ်အဖြစ် လက်ခံထားပြီး အနောက်နိုင်ငံတွေ လွှမ်းမိုးနိုင်ခြင်း မရှိတဲ့ နိုင်ငံတကာ အင်အားစု တစ်ခုကို တည်ထောင်ဖို့ ရည်ရွယ် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။