Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင်ကြောင့် လူထုမျက်ရည်ကျရတယ်လို့ BGF ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ ဝေဖန်

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဟာ ပြည်သူအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးတာမရှိဘဲ စစ်ခေါင်းဆောင်ကြောင့် လူထုမျက်ရည်ကျရတယ်လို့ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် ( BGF) ရဲ့ ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်စောချစ်သူက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ပေးတဲ့ သီရိပျံချီဘွဲ့ကို ဗိုလ်ချုပ်စောချစ်သူ ၂၀၂၃ ခုနှစ်က နေပြည်တော်မှာလက်ခံပုံ။ ဓာတ်ပုံ - စစ်ကောင်စီ

ဇူလိုင် – ၁၁ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဟာ ပြည်သူအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးတာမရှိဘဲ စစ်ခေါင်းဆောင်ကြောင့် လူထုမျက်ရည်ကျရတယ်လို့ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် ( BGF) ရဲ့ ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်စောချစ်သူက ဝေဖန်လိုက်ပါတယ်။

ကရင့် နယ််ခြားစောင့်တပ်(BGF) ရဲ့ အထွေထွေအတွင်းရေးမှုးတာဝန်ယူထားသူ ဗိုလ်ချုပ်စောချစ်သူက ကရင်သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ KPTV News မှာ ဇူလိုင် ၈ ရက်က ကရင်ဘာသာစကား နဲ့ ဖြေကြားထားတဲ့ ရုပ်သံ မှာ စစ်ကောင်စီခေါင်းဆောင် ကို ရည်ညွှန်ပြီးဝေဖန်ပြောကြားလိုက်တာပါ။

“ပြောပြချင်တယ်၊ အခုက ပြည်သူလူထုမျက်ရည်ကျရတာ အများကြီး၊ ငါတော့ မှန်မှန်ပြောမယ် တိုင်းပြည်အကြီးအကဲကို ငါတော်တော်အတိုက်အခံလုပ်တယ်၊ ငါပြည်သူလူထုဘက်နေပြီးတော့မှ အတိုက်အခံလုပ်တာ၊ ပြည်သူအတွက်ဘာမှမလုပ်ဘူး ၊ပြည်သူတွေ မျက်ရည်အများကြီးကျရတာ ၊ ငါလည်း စိတ်မကောင်းဘူး၊ တွေ့လို့လည်းမကောင်းဘူး” လို့ ဗိုလ်ချုပ်စောချစ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ဝေဖန်မှုဟာဆိုရင် ဗိုလ်ချုပ်စောချစ်သူ နဲ့သားသမီးတွေ ပိုင်ဆိုင်တဲ့ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို နိုင်ငံခြားပို့ကုန်ဝင်ငွေ ပြန်မအပ်လို့ အမည်ပျက်ကုမ္ပဏီ စာရင်းသွင်းခံရပြီး ရက်သတ္တပတ်အကြာမှာ ထွက်လာတာလည်းဖြစ်ပါတယ်။

တိုင်းပြည်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် စစ်ကောင်စီခေါင်းဆောင်က ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်စောချစ်သူက ပြောပါတယ်။

သူကတော့ လူထုဘက်က ရပ်တည်ပြီး စစ်ခေါင်ဆောင်ကိုအတိုက်အခံ လုပ်ဆောင်နေရတယ်လို့ ဗိုလ်ချုပ်စောချစ်သူက ဆိုပါတယ်။

ဒါအပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွှတ်ကြဖို့ကိုလည်း ဗိုလ်ချုပ်စောချစ်သူက တိုက်တွန်းပါတယ်။

“ကိုယ်တွေညီညွတ်ရင် ကိုယ့်အတွက်အားပဲ” လို့ သူကဆိုပါတယ်။

BGF ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လက်ခံထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

BGF ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်စောချစ်သူကတော့ ကျားဖြန့်နဲ့ ပတ်သက်ဆက်နွယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလူသိရှင်ကြား ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်-BGF ခေါင်း​ဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ မိသားစုဝင်များပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်​ကောင်စီကအမည်ပျက်စာရင်း​ကြေညာသည်။

သတင်း

စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။

သတင်း

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။