Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတွင်း စစ်ကောင်စီရေရေနံတင်သင်္ဘောနစ်မြုပ်၊ စစ်​​ကောင်စီဝန်ထမ်းနှစ်ဦးသေဆုံး

မြင်းမူမြို့ နှင့်‌ မြောင်မြို့ကြားဧရာဝတီမြစ်အတွင်းစစ်ကောင်စီ၏ရေနံတင်သင်္ဘောတစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါသူ ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည်။

​ရေနံတင်သင်္ဘောနစ်မြှပ်သွား၍ ​ဒေသခံ​များက သင်္ဘော​ပေါ်ပါသူများကို ကယ်တင်ရန်ကြိုးစား​နေစဥ်။ဓါတ်ပုံ-CJ

ဇူလိုင်-၁၂၊၂၀၂၅။မိထက်/People’s Spring

မြင်းမူမြို့ နှင့်‌ မြောင်မြို့ကြားဧရာဝတီမြစ်အတွင်းစစ်ကောင်စီ၏ရေနံတင်သင်္ဘောတစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါသူ ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည်။

ဇူလိုင်လ ၈ရက်နေ့က မြင်းမူမှထွက်လာသော ရေနံတင်သင်္ဘောသည် မြောင်မြို့နယ်ထဲအရောက်တွင် တိမ်းစောင်းပြီး မှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မြင်းမူကနေစုန်လာပြီးမြောင်ကရွှေပေါက်ပင်ရွာနားမှာ တစောင်းကြီးဖြစ်ပြီးမှောက်တာ။ သင်္ဘောပေါ်ကနှစ်ယောက်သေတယ်။ နှစ်ရက်လောက်နေမှ အလောင်းပေါ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သင်္ဘောတိမ်း​မှောက်စဥ် အနီးဝန်းကျင်​ကျေးရွာရှိပြည်သူများက သင်္ဘော​ပေါ်ပါသူများကိုကယ်တင်ရန်ကြိုးစားခဲ့ကြ​သော်လည်း ထို ၂ ဦး ​သေဆုံးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ဇူလိုင်လ၉ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်္ဘောမြုပ်သည့်နေရာအနီး သို့ရောက်လာပြီး ရုပ်အလောင်းများရှာဖွေခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာ၍ ဒေသခံများက ယင်းနေရာသို့မသွားတော့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့ ဇူလိုင်လ ၁၂ရက်၌ ပြောသည်။

အဆိုပါသင်္ဘောပေါ်တွင် မာလိန်မှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းသုံးဦးလည်းပါဝင်လာကြောင်းသိရပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက်ကိုအတိအကျမသိနိုင်ကြောင်းအထက်ပါကာကွယ်ရေးရဲဘော်ကပြောသည်။

အဆိုပါသင်္ဘောသည် ပုဂ္ဂလိကပိုင်မဟုတ်ဘဲ စစ်ကောင်စီက သယ်ဆောင်ခိုင်းသည့် ရေနံများဖြစ်ကြောင်း မြင်းမူမြို့ခံအချို့ကပြောသည်။ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိအချိန်တွငဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေတက်နေပြီး စစ်ကောင်စီက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်ရင်းများသို့ ရေကြောင်းမှတစ်ဆင့် လူအင်အားများ၊ လက်နက်ခဲယမ်းများပို့ဆောင်နေသည်။စစ်ကောင်စီရေယာဥ်အုပ်စုသည်ချင်းတွင်းမြစ်ကြောင်းတွင်ကနီမြို့အနီးရောက်ရှိနေပြီးဧရာဝတီမြစ်ကြောင်းတွင် ချောက်မြို့အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်