Connect with us

Hi, what are you looking for?

သတင်း

အညာကအာဇာနည်နေ့အခမ်းအနားများ

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက နယ်မြေတွေမှာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေပါတယ်။

ဇူလိုင်-၁၉၊၂၀၂၅။​အောင်​ဇေယျ/People’s Spring

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက နယ်မြေတွေမှာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေပါတယ်။

ဆားလင်းကြီးမြို့ကလူစည်ကားတဲ့စျေးတွေနဲ့လမ်းတွေမှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ပြီး အာဇာနည် ၉ ဦးရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ကာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အလားတူခင်ဦးမြို့နယ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေး အတွင်း ကျဆုံးသွားကြတဲ့အာဇာနည်ရဲဘော်တွေအတွက်လည်း အမှတ်တရ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံ။အောင်ခန့်ဇော်/ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)၊ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ဆက်စပ်သတင်းများ

ဆောင်းပါး

ကြက်ဥနဲ့ ငါးခြောက်ဟင်းပါတာကို ဟင်းကောင်းလို့ သတ်မှတ်နေရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များနေသလဲတော့မသိ၊ ဒါပေမဲ့အညာဟာ အရာရာရှားပါးတဲ့ အရပ်ဖြစ်တာမို့ ထမင်းအနပ်တိုင်း အသား၊ငါး ပါဖို့ဆိုတာတော့ မလွယ်ကူပါဘူး။

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။