Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် အာဇာ​န​ည်နေ့အထိမ်းအမှတ်စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇူလိုင် ၁၉၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မှော်လှည့်သပိတ်တွင် ပါဝင်သူများက “အာဇာနည်တို့ မျှော်ရည်ချက်၊ ပြည်သူ့အားနဲ့ ရှေ့ချီတက်” ၊ “ဘယ်အာဏာရှင် စနစ်မှ အလိုမရှိ” ၊ “ဖိနှိပ်သူတွေ စည်းလုံးရင်၊ ဖိနှိပ်ခံတွေ တော်လှန်ကြ” စသည့် စာတန်းများကိုင်ဆောင်၍ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ချီတက်ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် “ပြည်သူ့ဘက်ကို မျက်နှာမူပါ၊ ပြည်သူ့ကျိန်စာမစူးပါစေနဲ့” ၊ “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ၊ လူထုအားနဲ့ တိုက်ဖျက်ကြဟေ့”ဟု ကြွေး​ကြော်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် – ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook