Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ် ထင်းရှူးရဲစခန်းကင်းပုန်းတိုက်ခိုက်မှု စစ်အုပ်စု ၅ဦးသေဟု MSRF ပြော

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်ရှိ စစ်ကောင်စီလက်အောက်ခံ ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ရဲ ၅ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MSRF

ဇူလိုင်-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်ရှိ စစ်ကောင်စီလက်အောက်ခံ ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ရဲ ၅ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF)တို့နှင့် စစ်ရေးမဟာမိတ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇)တပ်ခွဲ(၁)တို့သည် ဇူလိုင်၂၂ ရက် မနက်တွင် ရဲစခန်းအနီးကင်းပုန်းနေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRFက ထုတ်ပြန်သည်။

တိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ရဲ ၂ဦး၊ တပ်သား ၃ဦး သေဆုံးကာ ဒဏ်ရာရသူများလည်းရှိသည်ဟု ဖော်ပြကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲများမှ တစုံတရာ ထိခိုက်မှူမရှိဘဲ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကင်းပုန်းကို အလစ်ဝင်တိုက်တဲ့ ပြောက်ကျား စစ်ဆင်ရေးတခုဖြစ်ပါတယ်။ ဒီစကစ ကင်းပုန်းစခန်းမှာ အင်အား ၃၀ရှိတယ်။ တိုက်ပွဲက ၁၀မိနစ်လောက် ကြာခဲ့ပါတယ်။ စကစဘက်က ၅ဦးသေဆုံးတယ်”ဟု MSRF ပြောရေးဆိုခွင့်ရှိသူက တိုက်ပွဲ အခြေအနေနှင့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု မျက်မြင် တွေ့ရှိခဲ့ရမှုအပေါ် ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီဘက်က အင်အား ၁၀၀ဖြင့် စစ်ကြောင်းထိုးလာသည်ဟု သည်။

“ဒီစစ်ကြောင်းထိုးခဲ့တဲ့ အင်အား ၁၀၀နဲ့ ကျမတို့ဘက် ထိတွေ့တိုက်ပွဲတော့မရှိခဲ့ပါဘူး ။ ကျမတို့ တော်လှန်ရေးတပ်တွေ အောင်မြင်စွာနဲ့ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်”ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

အဆိုပါ စစ်ကြောင်း၏ လက်ရှိအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီတပ်သားများ အလင်းဝင်ကြရန်လည်း ၎င်းက သတိပေးသည်။

ရေးခရိုင်၌ တော်လှန်ရေးတပ်များအချင်းချင်းအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ဟန်ချက်ညီ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးအတွက်လည်း စစ်ရေးအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MSRFက ထပ်လောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။