Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ နှစ်ရက်အတွင်း စစ်မှုထမ်းဖို့ လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ရွာတွေထဲအထိ လိုက်လံဖမ်းဆီးနေပြီး လူငယ် ၃၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီက စစ်သားသစ်စု​ဆောင်းရန် ​နေရာစုံမှာပုံစံမျိုးစုံနဲ့ စု​ဆောင်းလာတဲ့လူငယ်​တွေကို စစ်သင်တန်းသို့ပို့​ဆောင်စဥ်။ ဓာတ်ပုံ-စကစ

ဇူလိုင်-၂၇၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ရွာတွေထဲအထိ လိုက်လံဖမ်းဆီးနေပြီး လူငယ် ၃၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းနဲ့ ညနေပိုင်းကမိတ္ထီလာလေတပ်က စစ်ကောင်စီတပ်တွေဟာ ကားတွေနဲ့ပတ်ပြီး ဝမ်းတွင်းမြို့နယ်၊ အနောက်ပိုင်းက ရွာတွေက လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အဲဒီလို လိုက်လံဖမ်းဆီးမှုကြောင့်ရွှေတွင်းတူးဆည်ရွာက ၉ ဦး၊ စိန်ပန်းပင်ရွာက ၆ ဦး၊ ခံဘဲ့ရွာ ၂ ဦး၊ ကျောင်းကုန်းရွာ ၁ ဦး၊ အိုမတွေ့ ရွာက ၄ ဦး၊ သဖန်းရွာ၂ ဦးနဲ့ ပန်းကြိုင်ရွာ ၃ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် မိတ္ထီလာ-ပင်းတလဲ လမ်းတလျှောက်တွေ့သမျှလူငယ်တွေကိုဖမ်းဆီးတင်ဆောင်သွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာတွေထဲထိပတ်ဆွဲတာ။လမ်းပေါ်သွားလာနေသူတွေကော တွေ့သမျှလူဆွဲချသွားတာ။”လို့ Voice Of Wundwin အဖွဲ့ရဲ့အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်၊ ညနေ ၅ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ်၊ မင်းကုန်းရွာက အမျိုးသား ၂ ဦး၊ ဆည်ရွာက အမျိုးသား ၇ ဦးကို စစ်တပ်က ရွာတွေထဲအထိလာရောက်ဖမ်းဆီးသွားကြောင်း အထက်ပါအဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မိတ္ထီလာမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးနေလို့ လူငယ်လူရွယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ “လယ်သွားလုပ်တာတောင်မှ မနက်အစောကြီးသွား၊ ညဆိုမှောင်မှ ပြန်လာကြရတာ”လို့ ဝမ်းတွင်း​ဒေသခံတဦးက ပြောပါတယ်။

အဓမ္မ စစ်မှုထမ်းခံရတဲ့ လူငယ်တွေကလည်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်တာတွေရှိနေပြီးဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်သားသစ် ၂၆ ဦးရှိကြောင်း အလင်းဝင်လိုသူတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ်(၁၆)ကို စတင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့ပေါ်မှာတင် လူငယ်တွေ အများအပြား စစ်မှုထမ်းဖို့ မဲနှိုက်နေကြရကာ အဓမ္မဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေ အနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။