Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်နက်ကြီး​ကြောင့် ရွှေဘိုက မဟာဓာတ်အားလိုင်းပျက်စီးမှု NUG နဲ့ စစ်ကောင်စီ နှစ်ဘက်လုံးသွားပြင်လို့မရဖြစ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မဟာဓာတ်အားလိုင်းထိမှန်ပျက်စီးပြီး တစ်မြို့လုံးလျှပ်စစ်မီးသုံး ပတ်နီးပါး ပြတ်တောက်နေကာ ဒေသခံတွေ အခက်​တွေ့နေကြပါတယ်။

ရွှေဘိုပင်မဓာတ်အားခွဲရုံကို ၂၀၁၉ ခုနှစ်အတွင်းကတွေ့ရစဥ်။ ဓာတ်ပုံ-ပြန်ဆက်

ဇူလိုင်-၂၉၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မဟာဓာတ်အားလိုင်းထိမှန်ပျက်စီးပြီး တစ်မြို့လုံးလျှပ်စစ်မီးသုံး ပတ်နီးပါး ပြတ်တောက်နေကာ ဒေသခံတွေ အခက်​တွေ့နေကြပါတယ်။

ဇူလိုင်လအတွင်းစစ်ကိုင်း၊အုန်းတောကစတင်​ပြီး စစ်ကောင်စီစစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ ၂၃၀ ကေဗွီအုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း၊ ကေဘယ်ပျက်ကျတဲ့နေရာဟာ စစ်ကိုင်း၊ ဆားတောင် ပုဂံတူခွဲရုံနဲ့ သစ်ချိုကုန်းရွာအနီးမှာ ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိကာ တိုက်ပွဲဖြစ်နေလို့ ပြန်ပြင်ဖို့ အခက်အခဲရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ရွှေဘိုခရိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနကလည်း ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ ယခုဓါတ်အားပြတ်တောက်ရတဲ့အကြောင်းရင်းနဲ့ ဓာတ်အားပို့လွှတ်မှုအခြေအနေဟာ စစ်ကောင်စီထိန်းချုပ်မှူအောက်မှာ ရှိနေကြောင်း NUGရဲ့ ရွှေဘိုခရိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စစ်ကောင်စီရဲ့ လျှပ်စစ် ဝန်ထမ်းတွေကလည်း သူတို့လုံခြုံရေးကြောင့်သွားမပြင်ရဲလို့ ကြန့်ကြာနေတာဖြစ်ကြောင်းမြို့ခံတချို့ကဆိုပါတယ်။

ဒီလိုနဲ့လျှပ်စစ်ဓာတ်အားပြတ်တောက်တာ ၃ ပတ်နီးပါးရှိလာလို့ အခက်အခဲတွေ တွေ့နေရကြောင်း မြို့ခံတွေက ပြောပါတယ်။

“ပြင်တဲ့အဖွဲ့တွေလည်း သွားမရဘူးပြောတယ်။ မီးစက်နဲ့သုံးနေရတော့ ဒီဇယ်ဖိုးနဲ့ကို တော်တော်ကုန်နေပြီ။”လို့ ရွှေဘိုမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ဖုန်းလိုင်းတွေနဲ့ ဖိုင်ဘာအင်တာနက်လိုင်းတွေပါ လိုင်းအဆင်မပြေမှုများရှိလာပြီး အဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအသီးသီးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်း​တွေလည်ပတ်ဖို့၊ရပ်တည်ဖို့ပါ အခက်တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ