Connect with us

Hi, what are you looking for?

သတင်း

တောင်ပြုံးပွဲဝင်ကြေးအဖြစ် စစ်အုပ်စုက လူတစ်ဦးတစ်ထောင်ကျပ်ကောက်

တောင်ပြုံးပွဲတော်မှာပွဲတော်လာပြည်သူတွေကို စစ်အုပ်စုကဝင်ကြေးအဖြစ်တစ်ယောက်တစ်ထောင်နှုန်း ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

တောင်ပြုံးပွဲတော်ကနေ ပြန်လာတဲ့ ယာဥ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၇၊၂၀၂၅။မေရီ/People’s Spring

တောင်ပြုံးပွဲတော်မှာပွဲတော်လာပြည်သူတွေကို စစ်အုပ်စုကဝင်ကြေးအဖြစ်တစ်ယောက်တစ်ထောင်နှုန်း ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းက စတင်ကျင်းပနေတဲ့ တောင်ပြုံးပွဲတော်မှာ စစ်အုပ်စုက လူတစ်ဦး ကျပ်တစ်ထောင်နှုန်းနဲ့ ရွာအဝင်ကနေ ကောက်ခံနေတယ်လို့ပွဲတော်သွားခဲ့သူတွေက ပြောပါတယ်။

“ကားနဲ့လာလာဆိုင်ကယ်နဲ့လာလာတစ်ယောက်တစ်ထောင်ပဲ။ငါတို့ကားပေါ် ၅ ယောက်ပါတာငါးထောင်ပေးလိုက်ရတယ်”လို့ တောင်ပြုံးပွဲတော်က ပြန်လာတဲ့အမျိုးသမီးကြီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပိုက်ဆံမပေးလိုတဲ့သူတွေကတော့ တခြားကွင်းလမ်းတွေကနေတောင်ပြုံးပွဲတော်ကို သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကားနဲ့ မီနီအိုးဝေ သုံးဘီးယာဥ်တွေကိုလည်း ပွဲတော်ဝင်ကြေးအဖြစ် တစ်စီး ကျပ်ငါးထောင်ကောက်ခံနေတယ်လို့ သွားရောက်ခဲ့သူတွေက ပြောပါတယ်။

“ပွဲအစတုန်းကတစ်စီးသုံးထောင်။အခုငါးထောင်ဖြစ်သွားပြီ”လို့ကားသမားတစ်ဦးကပြောပါတယ်။

ကောက်ခံနေသူတွေဟာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်သားတွေက ကင်းစောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာပဲ မတ္တရာနယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားက တောင်ပြုံးပွဲတော်ကို စစ်အုပ်စုက မရမက ကျင်းပနေတာဖြစ်ပါတယ်။ တောင်ပြုံးပွဲတော်ဟာ တပြည်လုံးက နတ်ကိုးကွယ်သူတွေ အများဆုံး လာရောက်လေ့ရှိကြတဲ့ပွဲတော်ဖြစ်ပါတယ်။

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာ တိုက်ပွဲ​တွေပြင်းထန်​နေတဲ့ကြားက စစ်​ကောင်စီက ​တောင်ပြုံးပွဲ​တော်ကို ကျင်းပခိုင်းတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook