Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ကို စစ်ကောင်စီလေတပ် ဗုံးအများအပြားကြဲချပြီးတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေထဲကို ဒီနေ့ (ဩဂုတ် ၁၀ရက်) ညပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်နဲ့ စျေးဆိုင်တချို့ မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတွေက ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

သြဂုတ်- ၁၀ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေထဲကို ဒီနေ့ (ဩဂုတ် ၁၀ရက်) ညပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်နဲ့ စျေးဆိုင်တချို့ မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတွေက ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ဒီနေ့ ည ၈ နာရီအချိန်ခန့်မှာ Y-12 လေယာဉ်နဲ့ ထိုင်းနယ်စပ်အနီးက တပ်မဟာ ၇ နယ်မြေ ထဲကို ဗုံးအလုံးပေါင်း ၂၀ ထက်မနည်း လိုက်လံကြဲချတိုက်ခိုက်ခဲ့တာကြောင့် နယ်စပ်အနားရှိ နေအိမ်နဲ့ စျေးဆိုင်တချို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ကိုတော့ စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

လာမယ့် ဩဂုတ်လ ၁၂ ရက် မှာ ကျရောက်မယ့် (၇၅) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ မတိုင်ခင် စစ်ကောင်စီတပ်က KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကတော့ KNU ဌာနချုပ် ရှိရာ တပ်မဟာ ၇ ကို စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာရှိထားပါတယ်။

အခုလို KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေတာဟာ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် KNU အပေါ် ဖိအားပေးတာဖြစ်တယ်လို့ ယူဆရကြောင်း ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း သုံးသပ်ဖော်ပြထားပါတယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့ထဲကနေ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရှိတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေလည်း ကင်းထောက်သွားခဲ့တယ်လို့ ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။

ထိုင်း – မြန်မာကုန်သွယ်ရေး အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြည့်ဆည်းထားပြီး ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့နဲ့အတူ ထိုးစစ်ဆင်သွားမယ်ဆိုတဲ့ သတင်းတွေကြားနေရကြောင်း ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။