Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်က အပြီးသတ်လွတ်မြောက်လုနီးပြီဟု AAပြော

စစ်ကောင်စီတပ်သားများ AAထံ အချိန်မရွေး ဘက်ပြောင်းလာနိုင်ကြောင်းဖိတ်ခေါ်

ပုဏ္ဏားကျွန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ - AA Info Desk

ဩဂုတ်-၁၁၊ ၂၀၂၅။ နေ့သစ်/People’s Spring

ရက္ခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်မှအပြီးသတ်လွတ်မြောက်လုနီးပြီဖြစ်ကြောင်းအာရက္ခတပ်တော်(AA)ပြောရေး ဆိုခွင့်ရှိသူဦးခိုင်သုခကယနေ့(ဩဂုတ် ၁၁ရက်)တွင်ပြုလုပ်သည့်သတင်းစာရှင်း လင်းပွဲ၌ အသိပေးပြောကြားခဲ့ပြီး စစ်ကောင်စီတပ်သားများ အချိန်မရွေးဘက်ပြောင်းလာနိုင်ကြောင်းလည်း ဖိတ်ခေါ်သည်။

ရက္ခိုင်ပြည်နယ် မြို့နယ် ၁၄ခုနှင့် ချင်းပြည်နယ် ပလက်၀ကို သိမ်းပိုက်ထားသည့် AAသည် လက်ရှိတွင် ကျောက်ဖြူမြို့သိမ်းစစ်ဆင်ရေးဆက်လက် ဖော်ဆောင်လျက်ရှိသည်။

အာရက္ခ စစ်သည်တော်များ၏ စွမ်းဆောင်မှု၊ ပြည်သူများ၏ ခိုင်မာပြတ်သားသည့် ခံယူချက် ဇွဲ၊ လုံ့လ အပြည့်ဖြင့် ကြံ့ကြံ့ခံ ရပ်တည်မှု ၊ မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင်ထိန်းချုပ်မှုအောက်က အပြီးသတ်လွတ်မြောက်လုနီးပါးအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တချိန်တည်းတွင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး မြန်မာပြည်အနှံ့အပြားက လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်လျက်ရှိဟု ၎င်းက ဆိုသည်။

ယင်းစစ်မှုထမ်းလူငယ်များသည်အထက်တပ်မှူးများ၏ ဗိုလ်ကျ အနိုင် ကျင့်မှု နှိပ်စက်ညှင်းပမ်းမှုများကိုနေ့စဉ်နှင့်အမျှ ခံစားနေရပြီး တိုက်ခိုက်လိုစိတ်လုံး၀မရှိ ဖြစ်နေကာစစ်ကောင်စီတပ်မှထွက်ပြေးသူများ၊ ထွက်ပြေးရန် ကြိုးပမ်းနေသူများ နေ့တိုင်းနီးပါးရှိဟု ဦးခိုင်သုခက ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အမျိုးမျိုး နှိပ်စက်ညှင်းပမ်းခံနေရတဲ့ မြန်မာပြည်အနှံ့က လူငယ်တွေအနေနဲ့ အာရက္ခတပ်တော်ဘက်သို့ ဘက်ပြောင်းလိုပါက အာရက္ခတပ်တော်ရှိတဲ့ ဘယ်နေရာမှာမဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

အလင်းဝင်ဘက်ပြောင်းလာသူတိုင်း၏ အသက်နှင့်လုံခြုံရေး အတွက် အပြည့်အ၀ အာမံကြောင်းလည်း ဦးခိုင်သုခက အသိပေးသည်။

လက်ရှိတွင်လည်းကျောက်ဖြူနှင့်စစ်တွေစစ်မြေပြင်တွင်AAထံ အလင်း ဝင်လာသူများ ဆက်တိုက်ရှိနေပြီး အလင်းဝင်လာသူများမှာ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းပြီး အချိန်တိုစစ်သင်တန်းပေးကာရှေ့တန်းသို့ စေလွှတ်ထားသူများလည်းပါဝင်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook