Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ပင်ပေါကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၃ရက် မနက်အစောတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အချို့ပျက်စီးခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်ရှိ ပင်ပေါကျေးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဩဂုတ်−၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ပင်ပေါကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၃ရက် မနက်အစောတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အချို့ပျက်စီးခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ယနေ့မနက်စောပိုင်းတွင် တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချခဲ့ရာ အိမ်နှစ်လုံးပျက်စီးခဲ့ကြောင်းဖော်ပြထားပြီး လူထိခိုက်သေဆုံးရှိမရှိ အခြေအနေများ ဖော်ပြမထားပေ။

ထို့ပြင် စစ်ကောင်စီသည် ဩဂုတ်၁၂ရက်က နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ် ၄ရက်ကလည်း ကျောက်မဲမြို့ကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်း၊ ဆေးခန်းနှင့်နေအိမ်များ ပျက်စီးမှု ဖြစ်ခဲ့သည်။

ထို့အပြင် နောင်ချိုမြို့နယ် မြောက်ကုန်းစံ‌ကျေးရွာနှင့် ရှုခင်းသာတို့ကို ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး (၃၁)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၁)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး ထိခိုက်မှု အခြေအနေ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် TNLA သိမ်းပိုက်ထားသည့် နယ်မြေများကို လေကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ မိုးကုတ်၊ ကွတ်ခိုင်၊ကျောက်မဲနှင့် သီပေါမြို့အပါအဝင် TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်း တိုက်ခိုက်ခဲ့၍ ဇူလိုင်အတွင်းက အရပ်သား ၃၀နီးပါး သေဆုံးကာ ၈၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက ပြည်သူလူထုများအား နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ