Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း၊ချောင်းကြီးရွာကို စစ်တပ်ဗုံးထပ်ကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ချောင်းကြီး ရွာကို စစ်တပ်က လေကြောင်းက​နေဗုံးကြဲခဲ့တာကြောင့်ပြည်သူ၁ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊လမ်းလယ်ကျစ်ရွာမှာသြဂုတ် ၈ ရက်ကနာရေးပြုလုပ်စဥ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​ဒေသခံ

ဩဂုတ်၁၄၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ချောင်းကြီး ရွာကို စစ်တပ်က လေကြောင်းက​နေဗုံးကြဲခဲ့တာကြောင့်ပြည်သူ၁ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဩဂုတ်လ၁၃ရက်​နေ့ ၊မွန်းလွဲ၂နာရီ၁၀ မိနစ်မှာ စစ်တပ်က ချောင်းကြီးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ပြည်သူ ၁ဦး သေပြီး ၄ဦး ထိခိုက်ဒဏ်ရာရပါတယ်။ချောင်းကြီးရွာထဲကိုပဲ ကြဲသွားတာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံး သူတွေရဲ့ အသေးစိတ်အချက်အလက်ကို တော့မသိရပါဘူး။

ဩဂုတ်လ၂ရက်နေ့ကလည်း ချောင်းကြီးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမှာ ​ဒေသခံပြည်သူသေဆုံးမှုများပြားခဲ့တယ်လို့ဒေသခံအချို့က​ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ၈ ရက်နေ့ကလည်းသပိတ်ကျင်းမြို့နယ်၊လမ်းလယ်ကျစ်ကျေးရွာမှာနာ ရေးပြုလုပ်ချိန် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ​ကြောင့်အမျိုးသား၁၀ဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သရက်ချောင်း(ကစယ်ဒို)မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

Facebook