Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသရှိ ဆေးရုံ နှင့် မူကြိုကျောင်း စစ်ကောင်စီဗုံးကြဲ၊ အရပ်သားသေဆုံးထိခိုက်မှုများ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသရှိဆေးရုံနှင့်မူကြိုကျောင်းအားစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သေဆုံး၊ထိခိုက်မှုများကြောင်း သတင်းရရှိသည်။

သြဂုတ်၁၇ရက်နံနက်ပိုင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရသော မော်ချီးဒေသလိုခါးလိုရွာ ပြည်သူ့ဆေးရုံ၊ မူကြို​ကျောင်း နှင့် ​အပျက်အစီးများကြားသေဆုံး ဒဏ်ရာရသူများကိုရှာ​ဖွေ​​နေကြစဥ်။ ဓာတ်ပုံ−JFK၊CJ

သြဂုတ်-၁၇၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသရှိဆေးရုံနှင့်မူကြိုကျောင်းအားစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သေဆုံး၊ထိခိုက်မှုများကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၁၇ရက်) နံနက် ၈နာရီခန့်တွင် မော်ချီးဒေသ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံနှင့် နေ့လယ်ပိုင်းတွင် (၁၆)ကုန်းရပ်ကွက် မူကြိုစာသင်ကျောင်းနှင့် စားသောက်ဆိုင်တို့ကို ပစ်မှတ်ထား၍ စစ်တပ်ကဗုံးကြဲခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

သြဂုတ်၁၇ရက်နံနက်ပိုင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရသော မော်ချီးဒေသလိုခါးလိုရွာ ပြည်သူ့ဆေးရုံ၊ မူကြို​ကျောင်း နှင့် ​အပျက်အစီးများကြားသေဆုံး ဒဏ်ရာရသူများကိုရှာ​ဖွေ​​နေကြစဥ်။ ဓာတ်ပုံ−JFK၊CJ

“အထိအခိုက်များတယ်။အတိအကျ ဦးရေမသိရသေးဘူး။သေဆုံးတာလည်း ရှိတယ်။ ကလေးငယ်တွေပါတယ်လို့ ကြားတယ်”ဟု ကရင်နီစစ်ရှောင်အရေး ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

မည်သည့်တိုက်ပွဲမှမရှိဘဲ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုခံနေရကြောင်း မော်ချီးဒေသခံတစ်ဦးက အသိပေးသည်။

“ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ အလုပ်တွေနားပြီး ဘုရားကျောင်းသွားကြ၊ အိမ်မှာနားကြတဲ့သူတွေများတယ်။အခုလာကြဲသွားတဲ့နေရာက လူနေအိမ်စိပ်ပြီး ဈေးဆိုင်တွေများတဲ့နေရာ။အထိအခိုက် များနိုင်တဲ့နေရာမျိုးဗျာ။တမင်ကိုပဲ ပြည်သူတွေ မသေသေအောင် မထိထိအောင် ရက်စက်နေတာပါ။ မော်ချီးမှာ ဘာတိုက်ပွဲမှ မရှိဘူး။ ခဲလုပ်သားနဲ့ ဒေသခံပြည်သူကျေးရွာသားတွေ ၊ရပ်ဝေးက စီးပွား

ရေးလာလုပ်ကြတဲ့ ပြည်သူတွေအများစုနေထိုင်နေတဲ့ ဒေသလေးဗျ”ဟု ၎င်းက ပြောသည်။

သေဆုံးသူနှင့် ထိခိုက်သူ ၁၀ဦးထက်မနည်းရှိကြောင်း ကနဦးသိရပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံ လူထုနွေဦးက ဆက်သွယ်​နေဆဲ ဖြစ်သည်။ ​ဒေသခံအချို့က ​သေဆုံးသူများတွင်က​လေးငယ်များလည်းပါဝင်ပြီး ၁၇ ဦးထက်မနည်း​သေဆုံး​ကြောင်း​ပြောသည်။

​ဒေသခံများကတင်ထား​သော အပျက်အစီးများကြားရုပ်အ​လောင်းများရှာ​ဖွေ​နေ​​သည့်ရုပ်သံမှတ်တမ်းအချို့တွင်​သေဆုံးသူများ၏ရုပ်အ​လောင်းများကို ​ဒေသခံများက ရှာ​ဖွေ​သယ်ယူ​နေသည်ကိုလည်း​တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် မော်ချီးဒေသရှိ ပြည်သူများအား မကြာခဏ ဗုံးကြဲသတ်ဖြတ်ခြင်း ၊ ထိတ်လန့်အောင် ဆောင်ရွက်နေခြင်းသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသဆီသို့ ရွှေ့ပြောင်းစေရန် ရည်ရွယ်ချက်မျိုးတွေ့ရကြောင်းကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ဖားဆောင်း တိုက်ပွဲကြောင့် အနောက်က ပြည်သူတွေ၊စစ်ရှောင်တွေကို မဆီမဆိုင် ဗုံးကြဲနေသလို သူတို့ရဲ့ ရွေးကောက်ပွဲကြောင့် ပြည်သူတွေကို မြို့ထဲရွေ့လာစေချင်နေတဲ့သဘောကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ် မတ်လကစ၍ စစ်ကောင်စီသည် မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ သေဆုံးသည့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည်ဩဂုတ် ၁၇ရက်မနက်တွင် မိုးကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး အပါအဝင် ၃ဦး သေဆုံးခဲ့ကြောင်းတအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။