Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ်၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ပုလောနယ် တမိုင်းတောင်စစ်စခန်းမှ စစ်သားများစခန်းစွန့်ထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ပုလောမြို့နယ်(လယ်မူလားမြို့နယ်)ရှိ စစ်ကောင်စီတပ်စခန်းတခုမှ စစ်ကောင်စီတပ်သားများယမန်နေ့ စခန်းစွန့်ထွက်ပြေးသွား၍ စခန်းကို သိမ်းပိုက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်ကြောင်း မြိတ်-ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

■စစ်ကောင်စီတပ်ဖွဲ့များ အလင်းဝင်ရန်နှင့်ပြည်သူများ စစ်ရေးသတိထားရန် KNLA သတင်းရင်းမြစ်တိုက်တွန်း

ဩဂုတ်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ပုလောမြို့နယ်(လယ်မူလားမြို့နယ်)ရှိ စစ်ကောင်စီတပ်စခန်းတခုမှ စစ်ကောင်စီတပ်သားများယမန်နေ့ စခန်းစွန့်ထွက်ပြေးသွား၍ စခန်းကို သိမ်းပိုက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်ကြောင်း မြိတ်-ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

ပုလောမြို့နယ် အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ(၂၈၅) တပ်ရင်း တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ က (၁)လအတွင်း ရိက္ခာဖြတ်‌တောက်ပိတ်ဆိုမှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ယခုကဲ့သို့စခန်းစွန့် ထွက်ပြေးသွားခြင်းဖြစ်သည်ဟုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ မတိုက်ရသေးဘဲ ဒီတလအတွင်းမှာ ပိတ်ဆို့ထားတာပေါ့နော်။ ရိက္ခာတွေ ပို့လို့မရအောင် ပိတ်ဆို့ထားတာပေါ့နော်။ တလကြာတော့ သူတို့လည်း ရိက္ခာတွေ ဘာတွေ သယ်ဆောင်ခွင့်မရတော့ မတိုက်ခိုက်ရသေးဘဲ ထွက်ပြေးသွားတဲ့သဘောပေါ့” KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။အဆိုပါ တပ်စခန်း၌ စစ်ကောင်စီအင်အား ၅၀ခန့်ရှိမည်ဟု ၎င်းက ခန့်မှန်းသည်။

“သူတို့ထွက်ပြေးတာက လက်နက်ခဲယမ်းအပါထွက်ပြေးတာပေါ့။ စခန်းမှာတော့ ဘာမှ မကျန်တော့ဘူး။ လက်နက်ခဲယမ်း မရပေမယ့် ကျနော်တို့ နယ်မြေ ပြန်ရတဲ့အတွက် တကယ့် အောင်မြင်မှု ရလဒ်တခုပေါ့” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် လပိုင်းတွင် KNLA တပ်မဟာ(၄)၏ ကွန်မန်ဒိုအထူးတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး စစ်ရေးအရှိန်မြှင့်ဖော်ဆောင်ရန် အသိပေးထား၍ တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးဖော်ဆောင်မှုများ ရှိဟု ပြောသည်။

“ဒီအချိန်ကာလမှာ စကစ တပ် သားတွေရုန်းထွက်ဖို့ အချိန်တန်ပြီလို့ထင်တယ်။ ရုန်းထွက်ပေးပါ။ ပြည်သူလူထုနဲ့ ပူးပေါင်းပါ။တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ KNLA/KNDO တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ပူးပေါင်းပါလို့တိုက်တွန်းချင်တယ်။”ဟု KNLAသတင်းရင်းမြစ်ကပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများနှင့်နီးသည့် ပြည်သူများ ဂရုစိုက်နေထိုင်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ စခန်းစွန့်သွားသည့် တမိုင်းတောင်စစ်ကောင်စီ စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်K.N.D.Oတပ်ရင်း(၇)တပ်ခွဲ(၅)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.Aအထူးတပ်ဖွဲက နယ်မြေရှင်းလင်းမှုများလုပ်‌ဆောင်လျက်ရှိဟုKNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပုလော၊ ရေဖြူ ၊ထားဝယ်၊ တနင်္သာရီ စသည့် နယ်မြေများ၌ ကရင်၊ မွန်၊ PDF ပူးပေါင်းတပ်ဖွဲ့များကစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ၊ ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်နေသကဲ့သို့ မြန်မာ-ထိုင်း နယ်စပ် စခန်းအချို့သို့ စစ်အင်အားဖြည့်တင်းရန်ကြိုးပမ်းနေသည့်စစ်ကောင်စီစစ်ကြောင်းများကိုတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။