Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဥ်းသားစာရေးဆရာ နောင်ကျော် ကွယ်လွန်

နိုင်ငံရေး အကျဥ်းသား စာရေးဆရာ နောင်ကျော် မနေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာနောင်ကျော် မကွယ်လွန်မီက တွေ့ရစဥ်။ ဓါတ်ပုံ-လူမှုကွန်ရက်

သြဂုတ်-၂၂၊၂၀၂၅။ဇေအောင်/People’s Spring

နိုင်ငံရေး အကျဥ်းသား စာရေးဆရာ နောင်ကျော် မနေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း၊ စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်းဟာ မနေ့က သြဂုတ် ၂၁ ရက် မနက် ၅ နာရီခန့်က ရန်ကုန်မြို့ကနေအိမ်မှာပဲ အိပ်ရာကအထမှာ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာနောင်ကျော်ဟာ အိမ်ထောင်မရှိဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာနောင်ကျော်(ခ)ကိုဌေးသိန်း ဟာ စစ်အာဏာရှင်ကို သေဆုံးချိန်ထိ၊ တတ်နိုင်သမျှ တော်လှန် ဆန့်ကျင်သွားခဲ့တဲ့ ကျွန်တော်တို့ ၈၈ တက္ကသိုလ် သူပုန်ကျောင်းဆရာ တစ်ယောက်၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတစ်ယောက်၊ လူသိများတဲ့ လူထုစာရေးဆရာ တစ်‌‌ယောက်၊ ချစ်ခင်စရာကောင်းတဲ့ အကိုကြီး (လူပျိုကြီး)တစ်ယောက်ပါ။ စိတ်မကောင်း ဖြစ်ရပါတယ်။”လို့ ကိုဆန်နီက ရေးသားထားပါတယ်။

ဆရာနောင်ကျော်ဟာ မြန်မာစာအဓိကနဲ့ မဟာဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ၁၉၈၆ ခုနှစ်ကစလို့ နည်းပြတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် ပုဒ်မ ၅(ည)၊ ၁၇(၂) နဲ့ ထောင် အနှစ်(၂၀) ချမှတ်ခဲ့ခဲ့ရပါတယ်။

ဆရာနောင်ကျော်ဟာ ဗိုလ်ခင်ညွန့်ရဲ့ စာအုပ်အနီလို့ လူသိများတဲ့ဗကပယူဂျီတို့၏နိုင်ငံတော်အာဏာသိမ်းရန် ကြိုးစားမှုများ သတင်းစာရှင်းလင်းပွဲ စာအုပ်မှာ စစ်ဆန့်ကျင်ရေး သူရဲကောင်းတွေထဲ ပါဝင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီလကုန်မှ မန္တလေး အိုးဘို အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

စာရေးဆရာနောင်ကျော်ဟာအက်ဆေး၊ ရုပ်ပုံလွှာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များစွာ ရေးသားခဲ့ပါတယ်။ “တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့” စာအုပ်မှာ ထင်ရှားပါတယ်။ ခိုင်မျိုးဇော်ဆိုတဲ့အမည်ဟာလည်း ဆရာ့ရဲ့ ကလောင်ခွဲတခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။