Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး နဲ့ စာပေနယ်က လူတွေလိုက်ပါပို့ဆောင်ခဲ့တဲ့ ဆရာနောင်ကျော်ရဲ့နာရေး

နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာနောင်ကျော်(ခ) ဌေးသိန်း ရဲ့နာရေးကို ဩဂုတ် ၂၃ နေ့လည်က ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်-၂၃၊၂၀၂၅။ရောင်နီ/People’s Spring

နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာနောင်ကျော်(ခ) ဌေးသိန်း ရဲ့နာရေးကို ဩဂုတ် ၂၃ နေ့လည်က ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာတစ်ဦး ဖြစ်သလို နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်တာကြောင့် စာပေနယ် နဲ့ နိုင်ငံရေးနယ်ပယ်က မိတ်ဆွေ တွေလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ဆရာနောင်ကျော်က အနေအထိုင်အေးဆေးသူဖြစ်သလို ထွက်ခွာသွားချိန်မှာလည်း တိုးတိုးတိတ်တိတ်ထွက်ခွာသွားခဲ့တယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆရာနောင်ကျော်က ဩဂုတ် ၂၁ ရက်နံနက်က ဒေါပုံမြို့နယ်က နေအိမ်မှာပဲကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ၆၈ နှစ်ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က ကွယ်လွန်သွားတဲ့ စာရေးဆရာမောင်သာချိုနဲ့ ဆရာနောင်ကျော်က အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်ပြီး ကွယ်လွန်ချိန်ကလည်း တစ်လကျော်သာကွာခြားခဲ့တာပါ။

ဆရာနောင်ကျော်က ၁၉၈၈ အရေးတော်ပုံကာလမှာ အထွေထွေသပိတ်ကော်မတီ နဲ့ တက္ကသိုလ်ဆရာများသမဂ္ဂတို့မှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ၁၉၈၉ မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅(ည) ၊ ၁၇(၂) တို့နဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ထောင်ထဲမှာ ၁၄ နှစ်ခန့် နေခဲ့ရပြီး ၂၀၀၃ ဧပြီလကုန်မှာ မန္တလေးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဆရာနောင်ကျော်က ခိုင်မျိုးဇော် ကလောင်နဲ့လည်းစာတွေရေးသားခဲ့ပြီး ဆောင်းပါး၊ အက်ဆေး ၊ ဝတ္ထုတိုတွေအပါအဝင် လုံးချင်းစာအုပ် ၁၇ အုပ် အထိရေးသားထုတ်ဝေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။