Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်ရွာအနီးမှာ တိုက်ပွဲ​တွေပြင်းထန်

​ကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတဲ့အတွက် TNLA က ခုခံ​စစ်နဲ့တိုက်ခိုက်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​​နေတယ်လို့တအာင်းတပ်မတော် (TNLA) ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးယေဦးက လူထုနွေဦးကိုပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်​တွေကို စစ်သင်တန်းဆင်းတစ်ခုမှာ​တွေ့ရစဥ်

■စစ်တပ်စစ်​ကြောင်း​တွေကို TNLA တပ်​တွေကပိတ်ဆို့တိုက်ခိုက်​နေလို့ စစ်တပ်က​​ပြည်သူ​တွေကိုရွာထဲကထွက်ခွင့်မ​ပေးပဲ လူသားဒိုင်းလုပ်​နေတယ်လို့​ဒေသခံအချို့​ပြော

ဩဂုတ်-၂၄၊၂၀၂၅။​နေ့သစ်/People’s Spring

​ကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတဲ့အတွက် TNLA က ခုခံ​စစ်နဲ့တိုက်ခိုက်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​​နေတယ်လို့တအာင်းတပ်မတော် (TNLA) ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးယေဦးက လူထုနွေဦးကိုပြောပါတယ်။

“နောင်ပိန်ကျေးရွာဘက်မှာပဲ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်။လောလောဆယ်မှာတော့စစ်ကောင်စီသည်အင်အားအလုံးအရင်းနဲ့ ကျွန်မတို့ထိန်းချုပ်တဲ့ ကျောက်မဲ မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေရှိပါတယ်။ လောလောဆယ်မှာတော့ ကျွန်မတို့ကတော့ ခုခံကာကွယ်စစ်အနေနဲ့ ခုခံကာကွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ မြို့တွေကိုထိန်းချုပ်နိုင်ဆဲအခြေအနေေမျိုးဖြစ်တယ်”လို့ လွေးယေဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ဩဂုတ်၂၃ရက်မှာလည်းကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းအနားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ TNLAက ပြောပါတယ်။ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အပြင်းအထန်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

” စစ်ကောင်စီသည် အထူးသဖြင့် ကျောက်မဲ၊ မိုးကုတ်လိုမျိုးဒေသမှာဆိုရင်တော့ ဗုံးတွေမကြာခဏဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိတယ်။ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်၊အပြုံလိုက် သေကြေပျက်စီးတာမျိုးတွေရှိတယ်။ပြီးတော့ နေအိမ်‌တွေကလည်း ပျက်စီးတာမျိုးတွေရှိတယ်”လို့ လွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီဟာအရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် လူထုတွေအနေနဲ့စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်တယ်လို့ TNLAက ပြောပါတယ်။

နောင်ချိုမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက် နေ့လည်ပိုင်းကစပြီး စစ်ကောင်စီရဲ့အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်က ဦးဆောင်တဲ့ အင်အား ၇၀၀လောက်ပါတဲ့ စစ်ကြောင်းနဲ့ ​ကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ရွာနားမှာစတင်စစ်ကြောင်းထိုးခဲ့တာပါ။ ဒါအပြင်နောင်ချိုနဲ့ ကျောက်မဲမြို့နယ်အစပ်ကနောင်ပိန်ကျေးရွာတောင်ဘက်နားက ထန်းတပင်ရွာနားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

သြဂုတ်၂၀ရက်​နေ့မှာစစ်တပ်က နောင်ပိန်ရွာကိုလေကြောင်းကနေပေါင်၅၀၀ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သား၁၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကိုပြန်ရပြီးနောက် မြို့မြောက်မှာရှိတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးနေပါတယ်။

နောင်ပိန်တိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင်တွေက စစ်တပ်စစ်​ကြောင်းတွေကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်​နေလို့ဆိုပြီး ဒေသခံတွေကို စစ်တပ်က ရွာတွေကနေ ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။ ဒဏ်ရာရထားတဲ့​ဒေသခံပြည်သူ​တွေကို လာခေါ်တဲ့ လူမှုကူညီရေးအဖွဲ့ကားတွေရှိရာဘက်ကိုပါ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်နေတယ်လို့ ​ဒေသခံအချို့က​ပြောတယ်။

ဒါ​ကြောင့်လူမှုရေးအဖွဲ့အချို့ဟာသူတို့ရဲ့ကားတွေကို ရွာနားမှာထားခဲ့ရပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ သြဂုတ်လ၂၄ရက်အခြေအနေကို နောင်ပိန်ဒေသခံတဦးကပြောပါတယ်။ ဒါအပြင် စစ်တပ်က လေကြောင်းကနေဗုံးထပ်ကြဲခဲ့သလို တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

Facebook