Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ဆင်ရေးကို တနှစ်ခွဲနီးပါး ဟန့်တားနိုင်ခဲ့၍ အာရှလမ်းတိုက်ပွဲပါဝင်ဆင်နွှဲသူများကို KNLA ဗဟိုဌာနချုပ် ဂုဏ်ပြု

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကိုမည်သည့် နိုင်ငံ၏ အကူအညီမည်သည့်အခါမှ မရရှိဘဲ ရက်ပေါင်း ၅၀၀ ကျော်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အာရှလမ်းတိုက်ပွဲ၌ ပါဝင်ဆင်နွှဲသူအားလုံးကို ဂုဏ်ပြုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်က ယနေ့ စက်တင်ဘာ ၇ရက်တွင် ထုတ်ပြန်သည်။

အာရှလမ်းပိုင်းတနေရာတွင် စစ်ကောင်စီ အောင် ဇေယျစစ်ဆင်ရေးမှ သံချပ်ကားကားတစီးအား တော်လှန်ရေးတပ်ဖွဲ့များက ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA

■တနိုင်ငံလုံးရှိရင်းမြစ်စိတ်ကြိုက်စီမံပြီး နိုင်ငံတကာပံ့ပိုးမှုရထားသည့် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကိုမည်သည့်နိုင်ငံထံမှ အကူအညီမရဘဲ ရက်ပေါင်း ၅၀၀ ကျော်ပိတ်ဆို့နိုင်ခဲ့ဟု အသိပေး

■KNU ၏ကော်သူလေးအစိုးရထူထောင်ရေးစီမံချက်ကိုအပြီးတိုင်ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့ဟုစစ်​ကောင်စီကြုံးဝါး

စက်တင်ဘာ ၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကိုမည်သည့် နိုင်ငံ၏ အကူအညီမည်သည့်အခါမှ မရရှိဘဲ ရက်ပေါင်း ၅၀၀ ကျော်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အာရှလမ်းတိုက်ပွဲ၌ ပါဝင်ဆင်နွှဲသူအားလုံးကို ဂုဏ်ပြုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်က ယနေ့ စက်တင်ဘာ ၇ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU/KNLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းဌာနချုပ်များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ၂၀၂၄ ဧပြီတွင် အောင်ဇေယျ စစ်ဆင်ရေး စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထိုးစစ်ကြောင့် ကော့ကရိတ်မြို့နှင့်အနီးပတ်ဝန်းကျင်တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဧပြီ ၂၀ရက်တွင် တောနော်ရေတံခွန်သို့ ရောက်ရှိလာခဲ့ပြီး သံချပ်ကာကားတန်းနှင့်အတူနာရီပိုင်းအတွင်းမြဝတီအရောက်ချီတက်ရန်ပြင်ဆင်ခဲ့သော်လည်း KNLA ဦးဆောင်သောအဖွဲ့က ယင်းနေရာသို့ အားဖြည့် ခုခံခဲ့ရာ ၂၀၂၅ စက်တင်ဘာ ၅ရက်နေ့အထိ ရက်ပေါင်း ၅၀၃ ရက်ကြာ အောင်ဇေယျစစ်ဆင်ရေးအား ဟန့်တားနိုင်ခဲ့ကြောင်း ရှင်းပြသည်။

” ကရင်အမျိုးသားအစည်းအရုံးကတစ်လျောက်လုံးကျင့်သုံးလာသည့်စစ်နည်းဗျူဟာမှာခံစစ်ရှင်ပျောက် ကြားဖြစ်တယ်။သို့သော်၂ဝ၂၄ခုနှစ်နှစ်ဦးပိုင်းမှစ၍၂ဝ၂၅ခုနှစ်အတွင်း ခြေကုပ်စခန်းများကိုကွပ်ကဲသောနည်းဗျူဟာ စခန်းသုံးခု၊အခြေချစစ်ဗျူဟာစခန်းတစ်ခု၊တပ်ရင်းဌာနခ မ်းပိုက်နိုင်ခဲ့သည့်အထိအောင်မြင်မှုရရှိခဲ့ တယ်။ထိုပြင်စကစ၏နိုင်ငံတော်အဆင့်အောင်ဇေယျစစ်ဆင်ရေးထိုးစစ်ကို(၅ဝ၃+)ရက်တိုင်တိုင်ပိတ်ဆိုဟန်တားနိုင်ခဲ့တဲ့အပြင်အောင်ဇေယျစစ်ကြောင်းနှင့်ကော့ကရိတ်တွင်အခြေပြုသည့်စကခ၁၂နှင့်တပ်ရင်းဌာနချုပ်အချိုတို အားကနဦးတွင်(KNLA)ဦးဆောင်တပ်ဖွဲကဝိုင်းပတ်ပိတ်ဆို နိုင်ခဲ့တယ်” ဟု KNLA ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ ဟန့်တားပိတ်ဆိုနေစဉ် တပ်မဟာ (၆)နှင့်တပ်မဟာ(၇)နယ်မြေအတွင်း မဆုပ်တမ်းနယ်စပ်ခြေကုပ်စခန်းပေါင်း(၁၈)လုံးကို(KNLA)ဦးဆောင်တပ်က သိမ်းပိုက်နိုင်ခဲ့ဟုလည်း အသိပေးသည်။

စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာ၌ နိုင်ငံရေး ဂုဏ်သိက္ခာဆည်ရန် အာရှလမ်းမ တခုကို အာရုံစိုက်နေရ၍ စစ်သားမလုံလောက်သဖြင့်ပြည်သူစစ်မှုထမ်းဥဒေနှင့်အကျုံးဝင်သော(ပစ)များကိုအစားထိုးနေရ ကြောင်းလည်း ဖော်ပြသည်။

“စစ်သားတွေကိုဆေးတိုက်ကြွေးပြီးဒိုင်းအဖြစ်အသုံးချကာအတင်းမောင်းတင်တယ်။စကစ တပ်ဖွဲဝင်များထိုးစစ်လုပ် နေစဉ်အတွင်းတော်လှန်ရေး တပ်ဖွဲ့သို့ ရောက်ရှိလာသောစကစတပ်ဖွဲဝင်အားလုံးလိုလိုဆေးအာနိသင်မပျက်ပျယ် သေးတာမို့ ရက်သတ္တပတ်ကြာအထိဦးနှောက်ပုံမှန်မဟုတ်ဖြစ်နေတာကိုတွေ့ရှိရတယ် ။စစ်သားတွေအားတဒင်္ဂလူစိတ်ပျောက်အောင် လုပ်ဆောင် ကာ စက်ရုပ်သဖွယ် ရှေ့သို့ မောင်းတင်နေရပြီးလက်နက်ကြီး၊အမြောက်၊မစ်ဇိုင်း ဒုံးကျည်၊ဒရုန်း၊လေကြောင်းပစ်ကူသာလွန်လက်နက်ဖြင့်တပ်၏အရင်းအမြစ်အားလုံးထုတ်သုံးလိုက်ရတယ်” ဟု KNLAက ထုတ်ပြန်သည်။

တနိုင်ငံလုံးရှိမြေထုနှင့် သယံဇာတအရင်းအမြစ်ဖြင့် နှစ်ပေါင်း၇၀ကျော်စိတ်ကြိုက်စီမံ၍ လိုသလိုနိုင်ငံတကာ၏ပံ့ပိုးမှုရရှိထားသောတပ်(စစ်ကောင်စီတပ်) အားမည်သည့်နိုင်ငံထံမှအကူအညီဘယ်သောအခါမရရှိသည့် KNU လက်အောက်ခံ တပ်မတော်က နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ရက်ပေါင်း ၅၀၀ကျော် ပိတ်ဆို့ နိုင်ခြင်းသည် ခံစစ်ရှင်ပျောက်ကြားနည်းဗျူ ဟာကိုကျော်လွန်ပြီးစိတ်ဓါတ်ရေးရာတွင် ဆီနှင့် ရေကဲ့သို့ ကွာခြားနေပြီဖြစ်၍ တဆင့်တက်ကာ စစ်အောင်နိုင်ခြင်း အမှတ်သင်္ကေတတစ်ခုသို့ရောက်နေပြီ ဖြစ်ဟု ဖော်ပြသည်။

ထို့ကြောင့် အာရှလမ်းမကြီးစစ်ဆင်ရေးတွင်ပါဝင်ကြသော(KNLA /KNDO/PDF/ MLA) တပ်ဖွဲဝင်နှင့်အခြားတို့အား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်ကလည်း ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီး အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဝါဒဖြန့်မီဒီယာများမှတဆင့် ဖော်ပြထားပြီး KNU/KNLA ၏ စိတ်ကူးယဉ် စစ်ရေး ရည်မှန်းချက်ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေး စီမံဆောင်ရွက်မှုကို အပြီးတိုင်ရိုက်ချိုး ဖျက်ဆီးနိုင်ခဲ့ဟု ဖော်ပြခဲ့သည်။

ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် သင်္ဃန်းညီနောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် စစ်ဆင်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်းတိုက်ပွဲကြီး/ငယ် ၃၈၂ကြိမ် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် အလောင်း ၆၃လောင်း လက်နက် ၅၇လက်ရဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

အရာရှိများ အပါအဝင်စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု များရှိခဲ့ကြောင်း ဖော်ပြသော်လည်း အရေအတွက် ဖော်ပြမထားပေ။ ထို့ပြင် KNU/KNLAထံ ထွက်ပြေးအလင်းဝင်ရောက်ခဲ့သူများ၏ အခြေအနေကိုလည်း ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို