Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အင်အား ၄၀ခန့်တပ်စွဲထားသည့် ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကိုယနေ့ (စက်တင်ဘာ ၈ရက်)နံနက်တွင်သိမ်းပိုက်အပြီး တွေ့ရစဉ် ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများရ

စက်တင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၈ရက် နံနက် ၇နာရီခန့်တွင် ပုလောမြို့နယ် ထမင်းမစားရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်တပ်စခန်းကို KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊တပ်မဟာ(၄) လက်အောက်ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ထမင်းမစားရွာကထားဝယ်နဲ့ဘိတ်ရဲ့အမှတ်(၈)လမ်းမကြီးပေါ်မှာတည်ရှိတဲ့ရွာပေါ့နော်။၂၀၂၁ ကတည်းကတပ်စွဲထားတာ။စာသင်ကျောင်းထဲမှာလည်းရှိတယ် ကုန်းတကုန်းကြီးတယ် တပ်စွဲထားတာ။ အမှတ်(၁၂)တိုင်းဗဟို ရဲ့လက်အောက်ခံ ၊တိုင်းဗဟို ၁၂ လက်အောက်ခံတပ်ရင်း၂၈၀နဲ့ အမြောက်တပ်တွေရှိတယ်။ပြောရမယ်ဆိုရင်တော့ ကာကင်းတခုအနေနဲ့ စခန်းချထားတာပေါ့”ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စခန်းသိမ်းတိုက်ခိုက်ခဲ့သည့် ထမင်းမစားကျေးရွာ စစ်ကောင်စီတပ်စခန်း အခြေအနေကို ပြောသည်။

ယနေ့စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က သေဆုံးမှုရှိပြီး ထွက်ပြေးသွားသူများရှိဟု ဆိုသည်။

“လက်နက်ခဲယမ်းတွေလည်းရတယ်။တချို့စက်ပစ္စည်းတွေရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

KNU မြိတ်-ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်တွင်၎င်းတပ်စခန်းသည် အာဏာသိမ်းစစ်တပ်၏ ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂)တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တပ်ဖွဲဝင်များ စုစုပေါင်း အင်အား (၄၀)ကျော်တပ်စွဲထားဟု ဖော်ပြထားသည်။

KNUတပ်မဟာ(၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် တနင်္သာရီ တိုင်းအတွင်း နယ်မြေစိုးမိုးနိုင်ရေးနှင့် စစ်အင်အားဖြည့်တင်းနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်သကဲ့သို့ ထီးခီး၊ထီးထဒေသရှိ စစ်ကောင်စီနယ်စပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။