Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဒီမိုကရေစီစံနှုန်းနှင့်မညီ၍ မပါဝင်ကြရန် KNU တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

KNU/KNLAတပ်မတော်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

စက်တင်ဘာ-၁၆၊ ၂၀၂၅။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

စက်တင်ဘာလ၁၅ ရက်ကအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် KNU က ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကော်သူးလေအတွက်သာမက မြန်မာတပြည်လုံး ဒီမိုကရေစီ အပြည့်ဝရရှိရန်အတွက် တွန်းလှန်တိုက်ပွဲဝင်ကြသောလူငယ်များ၊တက်ကြွလှုပ်ရှားသူများ၊ရဲဘော်တပ်မှူးများ၊ တော်လှန် ရေး မိတ်ဖက်အဖွဲများအားလုံးနှင့် ခေါင်းဆောင်များ အားလုံးကို ဂုဏ်ပြုကြောင်း ဖော်ပြသည်။

KNU သည် ဒီမိုကရေစီ စံနှုးနှင့်အညီ Bottom-up ဖက်ဒရယ်ဒီမိုကရေစီမူကိုအခြေခံသော နိုင်ငံရေးလမ်းစဥ်များကို ချမှတ်လျက်ရှိပြီး ကော်သူးလေနှင့် မြန်မာပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီအစစ်အမှန်ကို ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲများနှင့် ကြိုးစားလုပ်ဆောင် နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

KNU အနေဖြင့်စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကိုလက်မခံကြောင်း တရားဝင်ထုတ်ပြန်အသိပေးထားသကဲ့သို့ KNU လက်အောက်ခံ ခရိုင်နှင့် တပ်မဟာများကလည်း KNU ဗဟို၏ ရပ်တည်ချက်အတိုင်းရပ်တည်ကာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု သတိပေးထားသည်။

စစ်တပ်က တဖက်သတ်ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူများကို ငရဲတွင်း ပို့ဆောင်ရန်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် ဖိနှိပ်ကျွန်ပြု ဂုတ်သွေးစုတ်ပြီးအသက်ရှင်လျက်သေလူနှင့်မခြားသည့်ဘ၀သို့ တွန်းပို့မည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)က ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook