Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲ အတူလက်တွဲဆန့်ကျင် မည်ဟု မွန်တော်လှန်ရေးအင်အားစုနှစ်ခု ပူးတွဲကြေညာ

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကို မွန်ပြည်နယ်ကိုယ်စားပြုသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့ အတူလက်တွဲ ဆန့်ကျင်မည်ဖြစ်ကြောင်း MSFCနှင့် MSCC တို့က ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)နှင့် ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MSFC

စက်တင်ဘာ-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကို မွန်ပြည်နယ်ကိုယ်စားပြုသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့ အတူလက်တွဲ ဆန့်ကျင်မည်ဖြစ်ကြောင်း MSFCနှင့် MSCC တို့က ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

MSFC သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်သောအဖွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအစုအဖွဲများဖြင့် ဖွဲစည်းထားသော MSCC ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်သောအဖွဲ့တို့ စက်တင်ဘာ ၁၆ရက်တွင် အွန်လိုင်းမှ တွေ့ဆုံပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံပွဲ၌ မွန်ပြည်နယ်အတွင်း စစ်ရေးနိုင်ငံရေးအခြေအနေအရပ်ရပ်ကိုသုံးသပ်ဆွေးနွေးခဲ့ဟုပူးတွဲကြေညာချက်ပြောရေးဆိုခွင့်ရှိသူ နိုင်ဘုန်းမြတ် က ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးတော့ စကမပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အတူတကွဆန့်ကျင်ကြမယ်လိုသဘောတူညီခဲ့ကြပါတယ်။စကမပြုလုပ်မယ့်ရွေး ကောက်ပွဲဟာတရားမဝင်ရွေးကောက်ပွဲဖြစ်တယ်၊နိုင်ငံရေးအရ အတူ တကွပူးပေါင်းဆန့်ကျင်ကြမယ်လို့သဘောတူခဲ့ကြပြီးရှေ့ဆက်လုပ်ငန်း စဉ်တွေအတွက်လည်း ဆက်လက်ပူးပေါင်းပြင်ဆင်သွားကြဖို သဘောတူခဲ့ကြပါတယ်” ဟု နိုင်ဘုန်းမြတ်က ပြောသည်။

စစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲကိုအတင်းအဓမ္မနည်းလမ်းမျိုးစုံသုံးပြီး ပြုလုပ် နိုင်သည့်အပေါ် ပြည်သူလူထုအပါအဝင် အားလုံးက သတိရှိစွာ အတူတကွ ဆန့်ကျင်ရမည်ဖြစ်ဟုလည်း ၎င်းက ဆိုသည်။

“တချိန်တည်းမှာတော်လှန်ရေးအင်အားစုတွေဟာစစ်အာဏာရှင်အပါ အဝင်အာဏာရှင်ဟူသမျှကိုတိုက်ဖျက်ရင်းဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းပြင်ဆင်နေကြပါတယ်။ ဒီဘုံရည်မှန်းချက်အတိုင်း ပန်းတိုင်ရောက်ရှိအောင် တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်းကိုလည်း လူထုကိုပန်ကြားလိုပါတယ်”ဟု နိုင်ဘုန်းမြတ်က ပြောသည်။

MSFC၏ကာကွယ်ရေးဌာနကွပ်ကဲမှုခံယူထားသည့်မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့သည် မွန်နှင့် တနင်္သာရီဒေသများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် အခြား တော်လှန်ရေးအင်အားစုများဖြင့်လက်တွဲပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင်ပူးပေါင်းပါဝင်ခြင်းမပြုရန်နှင့် ယင်းစစ်ကောင်စီ ရွေးကောက်ပွဲကို စစ်ရေးနည်းအရ ဖိအားပေးမှု လုပ်ဆောင်လျက်ရှိကြောင်း MSRF က အသိပေး ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...

Trending

Facebook