Connect with us

Hi, what are you looking for?

သတင်း

မောတောင်နယ်စပ်လမ်းတိုက်ပွဲ စစ်ကူတပ်ကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်း သိန်ခွန်းဒေသတိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

KNLA တပ်မဟာ(၄)မှ တပ်ဖွဲ့ဝင်​တွေ။ ဓာတ်ပုံ -KNLA တပ်မဟာ-၄

စက်တင်ဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်း သိန်ခွန်းဒေသတိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ရှမ်းအင်းတော်ရွာအနီးမှာ စက်တင်ဘာ ၂၅ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် KNLA သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။

စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၁)၊တော်လှန်ရေးပူးပေါင်းတပ်အကြားတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” သူတို့ ဘိတ်ကနေပြီး သိန်ခွန်းဘက်ကို စစ်ကူလာတဲ့ စစ်ကြောင်းလို့ ပြောရမှာပေါ့။ ရှမ်းအင်းတော်ရွာအနီး ရောက်တော့ဝင်တိုက်တာ”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

သိန်ခွန်းဘက်မှာလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှု ဆက်လုပ်ပါက တိုက်ပွဲထပ်ဖြစ်မယ်လို့လည်း ပြောပါတယ်။

” မောတောင်နယ်စပ်ကို အဓိက ပြန်ထိန်းချုပ်နိုင်ဖို့အတွက်တော့ အဓိက စစ်မှုထမ်း အင်အားတွေ ရှေ့တန်းပို့တယ်။ ပြီးတော့ လေကြောင်းနဲ့ တိုက်ခိုက်တာရှိသေးတယ်။ သူတို့က လက်မလျှော့ဘဲနဲ့ သူတို့ အာဏာဆက်ယူဖို့ စစ်ကြောင်းတွေထိုး လက်နက်ကြီးနဲ့ပစ် လေကြောင်းတိုက်ခိုက်မှုတွေလုပ် လာပြီး ဗုံးကြဲတယ်ဆိုတော့ ဒီတိုက်ပွဲက ဆက်ဖြစ်ဖို့ အလားအလာရှိသေးတယ်လို့ ပြောလို့ရတာပေါ့နော်”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ် ထွက်ပေါက်ဖြစ်တဲ့ မောတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် တိုက်ပွဲ ၁၀လ ခန့် ကြာနေပြီဆိုပေမယ့် ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာ အနီးတဝိုက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။