Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို ပယ်ချကြဖို့ နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အောက်တိုဘာ-၁၄၊ ၂၀၂၅။ People’s Spring

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

ကျင်းပနေဆဲ အကြိမ် (၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနဲ့ ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ(စတုတ္ထကော်မတီ)ရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းကို အောက်တိုဘာ ၁၃ရက်က ပြောကြားရာမှာ သံအမတ်ကြီးက ထည့်သွင်းတိုက်တွန်းခဲ့တာပါ။

စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး မြန်မာပြည်သူလူထုရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထုရဲ့ သန္နိဋ္ဌာန်ကို အားပေးထောက်ခံကြဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အဖြစ် စီစဉ်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လမ်းခင်းပေးနိုင်မှာ မဟုတ်သလို အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ အကူအညီနဲ့ ဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲဟာလည်း ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ဘူးလို့ သံအမတ်ကြီးက ထောက်ပြပါတယ်။

စစ်အုပ်စုဟာ နိုင်ငံအတွင်း ထိရောက် အုပ်ချုပ်နိုင်မှု မရှိကြောင်း၊ တော်လှန်ရေး အင်အားစုများက စစ်အာဏာရှင်ကို ခုခံကာကွယ်ရာမှာ ခိုင်မာစွာ ရပ်တည်နေကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြပါတယ်။

စစ်အုပ်စုဟာ တရားဝင်မှု မရှိဘဲ ပြည်သူတို့ရဲ့ ယုံကြည်မှုနဲ့ လက်ခံမှု မရှိကြောင်းလည်း သံအမတ်ကြီးက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာနေရာတွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် ကျူးလွန်နေပြီး မကြာသေးမီက ဗုဒ္ဓဘာသာဝင်

တို့ရဲ့ ဘာသာရေးနေ့ဖြစ်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ ပြည်သူတွေ ဆီမီးထွန်းချိန် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလညီလာခံမှာ ပြောပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးပြီး အများအပြား ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အဲဒီဖြစ်ရပ်မှာ စိတ်နှလုံးကြေကွဲဖွယ် သာဓကတစ်ခု ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Facebook