Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဟောင်းရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို အမှုထပ်တိုး

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ချထားတဲ့ စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုထပ်တိုးထားတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဓာတ်ပုံ - Dr.Nay Soe Maung/FB

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ချထားတဲ့ စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုထပ်တိုးထားတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး အမှုစစ်တာကိုတော့ ထောင်တွင်းတရားရုံးမှာပင် စစ်ဆေးနေတာပါ။

“တရားလိုစစ်ရောက်နေပြီ၊ အရင်ဖမ်းခံရတဲ့ အကြောင်းအရာနဲ့ပဲထပ်ပြီး ထပ်စွဲခံရတာ”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဘာကြောင့်အမှုထပ်တိုးလဲဆိုတာကိုတော့ အသေးစိတ်မသိရပါဘူး။

Public Service Announcement

Public Service Announcement

ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၅၀၅(က) နဲ့ အခုနှစ် ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် သုံး နှစ်ချပြီး အိုးဘိုထောင်မှာ အကျဉ်းချထားတာပါ။

ဒေါက်တာနေစိုးမောင်ဟာ လူမှုကွန်ရက်ကနေ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်တယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းဖမ်းဆီးခဲ့တာပါ။

သူ့ဟာစစ်ကောင်စီ အကျဉ်းချထားတဲ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေး တိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ ဆုံးပါးသွားတာကို လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပြီးနောက် ဖမ်းဆီးခံရတာပါ။

ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တာရှိပါတယ်။

စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့က လှုံ့ဆော်ခဲ့ဖူးပါတယ်။

စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်း ပြီးနောက် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ အတူ လမ်းပေါ်မှာ ဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

ဆောင်းပါး

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။