Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်PDF တပ်တွင်းအလောင်းဖျောက်တဲ့အမှုဖြစ်စဥ် စုံခုံဖွဲ့စစ်ဆေး

နေပြည်တော် PDFတပ်ရင်း (၈၀၂)မှာ တပ်တွင်း အလောင်းဖျောက်ခဲ့တဲ့ဖြစ်စဥ်ကို စစ်ရုံးချုပ်ရုံးက စုံခုံဖွဲ့စစ်ဆေးမှုလုပ်နေပြီလို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က ပြောပါတယ်။

ရဲဘော်လွှမ်းမိုးရဲ့ ရုပ်အလောင်းကို တူးဖော်နေစဉ်။ ဓာတ်ပုံ - Karenni People Voice

ဒီဇင်ဘာ-၂၊၂၀၂၅။ဇော်ဝင်း/People’s Spring

နေပြည်တော် PDFတပ်ရင်း (၈၀၂)မှာ တပ်တွင်း အလောင်းဖျောက်ခဲ့တဲ့ဖြစ်စဥ်ကို စစ်ရုံးချုပ်ရုံးက စုံခုံဖွဲ့စစ်ဆေးမှုလုပ်နေပြီလို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က ပြောပါတယ်။

အလောင်းဖျောက်ဖျက်ကျူးလွန်တယ်ဆိုတဲ့တပ်ရင်း(၈၀၂)ကဒုတပ်ရင်း မှူးနဲ့ ဆရာကျောင်း (ခ) နိုင်လင်းအောင်နဲ့ တပ်ခွဲမှူး ဥက္ကာတို့ကို ရာထူးဖြုတ်သိမ်းပြီး ဖမ်းဆီးထားတယ်လို့ အသိပေးပါတယ်။

“အမှုကို စစ်ရုံးချုပ်၊စစ်ရေးဌာနကနေပြီးစုံခုံဖွဲ့ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ပါတယ်။တိုင်းစစ်ဌာနအနေနဲ့ကတော့ အမှု့မှန်ပေါ်ပေါက်ရေးကိုအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာပါ”လို့ ဗိုလ်လကျာ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမှုဖြစ်စဥ်အရ အခုနှစ် ဧပြီအတွင်းမှာ ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်လွှမ်းမိုးက ရဲမေတစ်ဦးအပေါ် အဓမ္မမှုကျူးလွန်တယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး စစ်ဆေးနေချိန်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ကို တပ်ရင်း(၈၀၂) ရဲဘော်ဟောင်းတစ်ဦးဖြစ်တဲ့ ရှိုင်းထက်က တရားလိုပြုလုပ်ပြီး ကရင်နီပြည်ရဲဌာန KSPနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

တိုင်ကြားစာပါအချက်အလက်တွေအရ ရဲဘော်လွှမ်းမိုးက ဒရုန်းသင်တန်းတက်နေစဥ်မှာ ရဲဘော်ဂျူးဂျူးကို အဓမ္မပြုကျင့်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရလို့ဒရုန်းသင်တန်းတာဝန်ခံကရဲဘော်လွှမ်းမိုးကို တပ်ရင်း (၈၀၂)ကို ပြန်ပို့ခဲ့ပါတယ်။

အဲဒီနောက် ဒုတပ်ရင်းမှူး ဆရာကျောင်း(ခ)နိုင်လင်းအောင်က စခန်းရဲ့ခြောက်ပေါက်မှာ နှစ်ညထည့်ပြီး အမှုနဲ့ပတ်သက်လို့ ရိုက်နှက်စစ်ဆေးတာလို့ သိရပါတယ်။

ရဲဘော်လွှမ်းမိုး ရေတောင်းသောက်ချိန်မှာ တပ်ခွဲမှူး ဥက္ကာက ရေးပုံးထဲ ဆားဖျော်ပြီးလည်ပင်းကို ခြေထောက်နဲ့ ဖိနင်းပြီး ဆားရေတွေလောင်းချခဲ့တယ်လို့ တိုင်ကြားစာမှာ တွေ့ရပါတယ်။

ရဲဘော်လွှမ်းမိုးဟာ ရတဲ့ဒဏ်ရာတွေနဲ့ သုံးရက်မြောက်နေ့မှာ ခြောက်ပေါက်ထဲမှာဘဲ သေဆုံးခဲ့ရပြီးအ လောင်းကို စခန်းရဲ့ ပေ ၃၀၀အကွာမှာ ရဲဘော်ရှစ်ဦးကသွားရောက်မြှုပ်နှံခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲဘော်လွှမ်းမိုး သေဆုံးခဲ့တာ၊အလောင်းဖျောက်တာနဲ့ပတ်သက်ပြီး တပ်တွင်းရဲဘော်တွေကို တပ်ရင်းမှူးနဲ့ ဆရာကျောင်း (ခ) နိုင်လင်းအောင်နဲ့ တပ်ခွဲမှူး ဥက္ကာတို့က ခြိမ်းခြောက်ခဲ့တယ်လို့ တိုင်းကြားတဲ့ရဲဘော်ဟောင်းက အသိပေးပါတယ်။

ရဲဘော်လွှမ်းမိုးရဲ့အလောင်းကို ကရင်နီပြည်ရဲဌာနနဲ့ကျေးရွာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့နိုဝင်ဘာ နောက်ဆုံးပတ်က တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဆွာမြို့နဲ့ (၃) မိုင်လောက်အကွာက ရွာသစ်ကျေးရွာ တိုက်ပွဲမှာ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့တဲ့ တိုက်ပွဲအပြီးမှာစစ်ကောင်စီက ဒေသတွင်းက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၈) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်က အမှတ်(၈၀၈) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူးညီညီနိုင် အပါအဝင် ၁၅ ဦးသေဆုံး၊သုံ့ပန်း ၂ဦးဖမ်းမိ