Connect with us

Hi, what are you looking for?

သတင်း

KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)နယ်မြေမှာလုပ်တဲ့ကရင်နှစ်သစ်ကူးနေ့ပွဲ PDF ဗျူဟာ (၃၃)ဗျူဟာမှူးနဲ့တပ်ရင်းမှူးတက်ရောက်မိန့်ခွန်းပြော

ဓါတ်ပုံ-KNU

ဒီဇင်ဘာ-၂၀၊၂၀၂၅။ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)မှာကျင်းပတဲ့ ၂၇၆၅ နှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဂုဏ်ပြုပွဲအခမ်းနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး တို့တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၉ရက်ကကျရောက်တဲ့ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားအစီစဉ်မှာKNU ကစယ်ဒိုမြို့နယ်ဥက္ကဌ ပဒိုစောအယ်ဆဲ၊ KNLA တပ်ရင်(၁၂)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး‌ စောဒါးဒါး၊ ဗျူဟာမှူးစောဒါးကို၊တပ်ရင်းမှူး မင်းသားကြီးတို့ တက်ရောက်မိန့်ခွန်းပြောခဲ့တာလို့ဆိုပါတယ်။

KNLA တပ်ရင်း(၁၂) နဲ့ထားဝယ်ခရိုင်တပ်ရင်း(၂)က ရဲဘော်အချို့ ပြဿနာဖြစ်ပွားမှုနဲ့ပတ်သက်ပြီး PDF တပ်မှူးတွေနဲ့ ရဲဘော်တွေကို KNLAက ဒီဇင်ဘာ ၁၇ရက်မှာ ဖမ်းဆီးထိန်းသိမ်းတာ၊ လက်နက်သိမ်းဆည်းခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပေမယ့် ရက်ပိုင်းအတွင်း နှစ်ဖက်ပြေလည်မှုရပြီး ဒီဇင်ဘာ ၁၉ရက် ကရင်နှစ်သစ်ကူးနေ့မှာ ထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ လက်နက်တွေနဲ့အတူ ပြန်လွတ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနဦးသတင်းတွေအရ KNLA တပ်ရင်း(၁၂) က ထိန်းသိမ်းခဲ့သူတွေထဲမှာ ဗျူဟာမှူးစောဒါးကိုနဲ့ တပ်ရင်းမှူး မင်းသားကြီးတို့ ပါဝင်တယ်လို့ ဆိုပေမယ့် KNLA သတင်းရင်းမြစ်ကတော့ အကြောင်းအရင်းကို မသိလို့ သတင်းလွဲမှား ဖော်ပြခြင်းသာဖြစ်ကြောင်း ပြောပါတယ်။

“ပြဿနာဖြေရှင်းဖို့အတွက်သူတို့အထက်ကခေါင်းဆောင်ဒီဘက်က KNLAတပ်ရင်းမှူးနဲ့တွေ့ဆုံဆွေးနွေးတာပဲဖြစ်တယ်” လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။တကယ်လက်တွေ့မှာကျတော့ အောက်ခြေက ရဲဘော် တွေ ပြဿနာဖြေရှင်းဖို့အတွက် အထက်ကခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းတာဖြစ်ကြောင်းလည်းဆိုပါတယ်။

“ရှေ့ဆက် ဒီတော်လှန်ရေး အခန်းကဏ္ဍ ဘယ်လိုမျိုး ဒီထက်ပိုမိုအားကောင်းလာနိုင်အောင်ဆိုတဲ့ဟာ ပြီးတော့တဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှု ခိုင်မာမှုတွေ အဲဒီလို ပုံစံဆက်သွားဖို့ဆိုတဲ့ဟာတွေပေါ့”လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဗျူဟာမှူး စောဒါးကိုက KNLA နဲ့ညှိနှိုင်းဖြေရှင်းနိုင်ကြောင်း ဒီဇင်ဘာ ၁၈ရက်မှာ အသိပေးခဲ့သလို PDF ထားဝယ်ခရိုင် တပ်ရင်း(၂)က ရဲဘော်တွေ ဒီဇင်ဘာ ၁၉ရက်မှာ မိခင်တပ်ရင်းကို ပြန်ရောက်ပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

“Happy Karen New year နှင့်အတူဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း(၂)ရဲဘော်များအားလုံးမိခင်တပ်ရင်းသို လက်နက်နဲ့အတူပြန်ရောက်ပါပြီ။ ကျနော်တို မဟာမိတ်ညီအကိုတွေ ၂ဖက် သဘောထားကြီးကြီးနှင့်ညှိနှိင်း အောင်မြင်မှုပါ။ ဘုံရည်မှန်းချက်တူညီကြတဲ့ တော်လှန်ညီအကိုတွေအပြင် ရှေ့ဆက်လုပ်စရာတွေလည်းအများကြီးရှိပါတယ်”လိုလည်း ရဲဘော်စောဒါးကိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် မှာ ရေးသားထားပါတယ်။

တော်လှန်ရေးအတွက်ကူညီတဲ့အသံကိုသာကြားလိုကြောင်းရဲဘော်စောဒါးကိုကပြောကြားပြီးသွေးခွဲတဲ့ စကားတွေ သပ်လျှိမှုတွေမြင်လာရတဲ့အတွက်လည်း ရပ်သင့်ပြီလို ရေးသားထားပါတယ်။

“မြေပြင်မှာခက်ခဲနေကြတဲ့ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့။ ကျနော်တိုကသာ အသိဆုံးပါ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်”လို ရဲဘော်စောဒါးကိုက အသိပေးပါတယ်။

အချင်းများမှု ဖြစ်စဉ်ကိုနှစ်ဖက်ကရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် KNU ရဲဘော်အချိုရဲ့ လူမှုကွန်ရက်မှာ ရေးသားမှုအရ KNLA တပ်ရင်း(၁၂)က ရဲဘော်ကို PDF ရဲဘော်က ရိုက်နှက်မှု ကြောင့်အခုလို ပြဿနာဖြစ်လာတာလို ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကလည်း ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြေလည်အောင်ဖြေရှင်းမယ်လို ဒီဇင်ဘာ ၁၈ရက်မနက်ကတည်းက ပြောပြထားပြီး အခုလို ဖြစ်ရတာဟာလည်း တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘဲ မတော်တဆဖြစ်ပွားမှု အောက်ခြေမှာ ရင်းနှီးမှု နားလည်မှု မရှိလို ဖြစ်ပွားခဲ့ရတာလို အသိပေးထားပါတယ်။ မြေပြင်မှာပွတ်တိုက်မူအသေးအမွှားတွေကိုအချိန်မီ အရေးယူဖြေရှင်းမူအားနည်းခဲ့လို အခြေအနေကိုလစ်လျူရှုတဲ့သဘော သက်ရောက်ခဲ့လို အခုလို ပြသနာ ဖြစ်ခဲ့ရတာလို ပဒိုစောအယ်နားက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook