Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF

ဒီဇင်ဘာ-၂၅၊၂၀၂၅၊ဇော်ဝင်း/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

ကူးတို့ဆိပ်ရွာနဲ့ နှစ်ကရင်ကျေးရွာကြားကို စစ်ကောင်စီတပ်က အင်အား ၁၅၀နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒီဇင်ဘာ ၂၂ ရက် နေ့လယ်၂ နာရီခွဲကနေ ၃နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၂၉ ဦးဝန်းကျင်သေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရတယ်တယ်လို့ MSRF က အသိပေးပါတယ်။စစ်တပ်ရဲ့သေဆုံးမှုတွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ မွန်ပြည်တော်လှန်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“စစ်ကြောင်းကတော့ အမတ(၃၁၇)ထဲ ကို ပြန်ဝင်သွားပါတယ်”လို့ MSRF ရဲ့တာဝန်ရှိသူ မိတလဥာဏ်က ပြောပါတယ်။

အမှတ်(၃၁၇)အမြောက်တပ်(အမတ-၃၁၇)က ရေးမြို့နယ်၊လမိုင်းမြို့က မော့ကနင်ကျေးရွာအနီးမှာ အခြေစိုက်ထားပါတယ်။

လက်ရှိစစ်ရေး​အရ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ သတင်းတွေကို နားစွင့်ပြီး သတိနဲ့သွားလာနေထိုင်ကြဖို့လည်း MSRFက တိုက်တွန်းပါတယ်။

အခုနှစ် စက်တင်ဘာလကတည်းက ရေးမြို့နယ်နဲ့ ရေး-ထားဝယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) လက် အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇တပ်ရင်းနဲ့ အမြောက်တပ် (အမတ ၃၁၆) တပ်တွေလည်း အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။