Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့အနီးငလျင်လှုပ်ခတ်

ကချင်ပြည်နယ်၊မိုးမောက်မြို့အနီးမှာ မြေအောက် ၁၀ ကီလိုမီတာအနက်ကို ဗဟိုပြုပြီး ​မြေငလျင်လှုပ်သွားခဲ့လို့ မြစ်ကြီးနား၊ လိုင်ဇာမြို့အပါအဝင် ကချင်ပြည်နယ်က မြို့အတော်များများ မြေလွှာလှုပ်ရှားသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊မိုးမောက်မြို့အနီးမှာ မြေအောက် ၁၀ ကီလိုမီတာအနက်ကို ဗဟိုပြုပြီး ​မြေငလျင်လှုပ်သွားခဲ့လို့ မြစ်ကြီးနား၊ လိုင်ဇာမြို့အပါအဝင် ကချင်ပြည်နယ်က မြို့အတော်များများ မြေလွှာလှုပ်ရှားသွားခဲ့ပါတယ်။

ငလျင်ဟာ ဒီ‌နေ့ ဖေဖော်ဝါရီ ၂၅ရက် မနက် ၉နာရီ ၄၆မိနစ်မှာ လှုပ်သွားတာပါ။​မြေ အောက်အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်တာ​ကြောင့် ​ဇောက်တိမ် ငလျင်ဖြစ်ပါတယ်။ ​​ဇောက်တိမ် ငလျင်​​တွေက​မြေပြင်နဲ့ပိုနီးတာ​ကြောင့် ဖျက်အားပိုကြီးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက​တော့မြေအောက်အနက် ၁မိုင်တောင်မပြည့်တဲ့ နေရာဖြစ်တဲ့ ၁ကီလိုမီတာခန့်ကို ဗဟိုပြုပြီး လှုပ်သွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ထိုင်းမိုးလေဝသဌာန(TMD)ကလည်း အလားတူ ထုတ်ပြန်ထားပါတယ်။ အဆိုပါငလျင်ကို မိုးမောက်၊ ဗန်းမော်၊ ဒေါ့ဖုန်းယမ်၊ လိုက်ဇာနဲ့ မြစ်ကြီးနားမြို့တွေမှာလည်း သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် ကမ္ဘာတစ်ဝန်းက​မြေငလျင်လှုပ်တာ​တွေကိုတိုင်းတာ​​ဖော်ပြ​ပေး​နေတဲ့ အ​မေရီကန်ငလျင်တိုင်းတာ​ရေးဌာန (USGS)ကမြေငလျင်ဟာ​မြေ​အောက်အနက် ၁၀ ကီလိုမီတာမှာဗဟိုပြုပြီး ပြင်အား ၄ ဒသမ ၈ အဆင့်ရှိတဲ့ငလျင်လှုပ်ခဲ့တာလို့ထုတ်ပြန်ပါတယ်။မြေငလျင်ဟာ မြန်မာ-တရုတ်နယ်စပ်မှာလှုပ်ခတ်ခဲ့တာလို့လည်း​​ဖော်ပြပါတယ်။

ဒါ​ကြောင့်USGS ထုတ်ပြန်ချက်နဲ့ ထိုင်းမိုး​လေဝသဌာန ၊NUG တို့ရဲ့ထုတ်ပြန်ချက်​တွေဟာ ငလျင်ပြင်းအား​တွက်ချက်​ဖော်ပြတာမှာမတူကြပါဘူး ။

ဒါ​ပေမယ့် မြေငလျင်တိုင်းတာစက်​တွေကအသုံးပြုသည့် စကေးနဲ့တိုင်းတာသည့်နည်းလမ်း​တွေအပေါ်မူတည်ပြီး​တော့ ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်လို့ NUG ကအသိ​ပေးနိုင်ပါတယ် ။

ငလျင်​ကြောင့်ထိခိုက်ပျက်စီးမှုရှိ ၊မရှိဆိုတာကို​တော့မသိရ​သေးပါဘူး ။

ပြီးခဲ့တဲ့၂၀၂၅ မတ်လ ၂၈ရက်က မန္တလေးနဲ့စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၇ဒဿမ၇အဆင့်ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း ငလျင်ဗဟိုချက်ဒေသအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ဧရာဝတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာလည်း ငလျင်တွေ မကြာခဏခဏ လှုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း ငလျင်မကြာခဏလှုပ်နေပြီး ဒီနေ့ ဇူလိုင် ၁၂ရက် မနက်ပိုင်းမှာ စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ငလျင် လှုပ်သွားပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

ဒီကနေ့ ဇူလိုင် ၅ရက်မနက်အစောပိုင်းမှာ ဧရာဝတီတိုင်း၊ ကျိုက်ပိမြို့အနီးကိုဗဟိုပြုလှုပ်တဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်ရှားမှု ထပ်မံ ခံစားခဲ့ရပါတယ်။

သတင်း

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။