Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို ကုလအစည်းအဝေးမှာ မြန်မာသံအမတ်ကြီး အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

■​မြန်မာပြည်သူတွေနဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEFကို ထိရောက်သော ပံ့ပိုးကူညီမှုတွေ ပေးဖို့ နိုင်ငံတကာကို သံအမတ်ကြီး တောင်းဆို

ဧပြီ-၁၅၊ ၂၀၂၆။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဦးဆောင်ညှိနှိုင်းရေးကောင်စီ SCEF ကို မကြာသေးမီက ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကာ မြန်မာနိုင်ငံမှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိစေဖို့အတွက် နိုင်ငံတည်ဆောက်ရေးရဲ့ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်ကို ရှင်းလင်းစွာ သက်သေပြနေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ ၁၄ရက် မနေ့က ရှင်းလင်းပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်စေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မြန်မာပြည်သူများရဲ့ ဘုံကြိုးပမ်းမှုများအတွက် မြန်မာ ပြည်သူများနဲ့ SCEFကို ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းမှုအပြီးတွင် နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်း ပြုကျင့်ရေး၊ နှိပ်စက်ညှင်းပန်းရေး၊ သတင်းမှားနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် အလိမ်အညာ သတင်းတွေ ဖြန့်ဝေရေးတို့အတွက် လက်နက်တစ်ခုသဖွယ် အသုံးချလာခဲ့တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ဒစ်ဂျစ်တယ် နည်းပညာအခြေခံလို့ ဖြစ်စေ ကျား-မအခြေပြုအကြမ်းဖက်မှုများကို သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက် ကျူးလွန်ခဲ့ကြောင်းနဲ့ တရားမဝင် အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းဖက် စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ဝေခံဝါဒဖြန့်သမားတွေဟာ အမျိုးသမီးသတင်းထောက်များနဲ့ လူ့အခွင့်အရေးကာကွယ်သူများရဲ့ အသံနှဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အဲဒီလို ကြိုးပမ်းရာမှာ နှိမ့်ချတဲ့ အကြောင်းအရာများကို အွန်လိုင်းကတဆင့် ဖြန့်ချိခြင်းကနေ ကိုယ်ရေးအချက်အလက်များဖော်ထုတ်ခြင်း(doxxing)အထိ နည်းပညာအသုံးပြု ကျား-မ အခြေပြုအကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြတယ်လို့ သံအမတ်ကြီးက ရှင်းပြပါတယ်။

ဒါ့အပြင် သံအမတ်ကြီးက စစ်အုပ်စုအနေနဲ့ မြန်မာ ကလေးငယ်များနဲ့ လူငယ်များအပေါ် ပစ်မှတ်ထားမှုတွေကိုလည်း ကုလအစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်အုပ်စုရဲ့ အင်တာနက်ဖြတ်တောက်ခြင်းနဲ့ ဝက်ဘ်ဆိုက်များ ပိတ်ဆို့ ခြင်းအပါအဝင် သတင်းအချက်အလက်ကန့်သတ်မှုတွေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ လူငယ်များ ပုံမှန်ပညာရေးနဲ့ ပုံမှန်မဟုတ်သော ပညာရေး လေ့ကျင့်သင်ကြားမှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းတို့ကို ပိတ်ပင်စေခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး OHCHR ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ထက်ဝက်ကျော်ဟာ သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ ဖြန့်ဝေပိုင်ခွင့်ကို ပိတ်ပင်ခြင်းခံထားရပါတယ်။ ဒါကြောင့် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ချို့တဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ တရားမဝင် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းတို့ဟာ လူငယ်များရဲ့ အလားအလာနဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP ရဲ့အစီရင်ခံစာအရလည်း အဲဒီစိန်ခေါ်မှုတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် မြန်မာလူငယ် ငါးသိန်းလောက်ဟာ နိုင်ငံတွင်းကနေ ထွက်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။

မြန်မာပြည်သူလူထုတရပ်လုံးနဲ့ပတ်သက်လို့လည်း အကြမ်းဖက်စစ်အုပ်စုဟာ လူတစ်ဦးချင်းစီကို စောင့်ကြည့်ထိန်းချုပ်‌ရေးစနစ် PSMSကို အသက်သွင်းအသုံးပြုခြင်းဖြင့် လူထုအပေါ် စောင့်ကြပ် ထောက်လှမ်းမှုကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။

အချက်အလက်တွေအရ PSMS စနစ်ဟာ AI နည်းပညာ၊ မျက်နှာမှတ်သားစနစ်၊ CCTV စောင့်ကြည့်ရေးစနစ်နဲ့ လက်ဗွေ၊ မျက်နှာ၊ မျက်လုံး၊ အသံစတဲ့ ခန္ဓာကိုယ်သွင်ပြင်များဖြင့် လူတစ်ဦးချင်းစီကို ခွဲခြားသိရှိနိုင်တဲ့ အချက်အလက်များ အပါအဝင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ စစ်တပ်ကို ဆန့်ကျင်သူများနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်သူများကို ဖော်ထုတ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီးက ဆက်လက် အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေ ကြောင်း...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ သံတမန်ရေးရာရှင်းလင်းပွဲ ကို ဇွန်လ ၅ရက်က ကျင်းပခဲ့ရာ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အသိပေးပါတယ်။

သတင်း

ကနေဒါအစိုးရ၊ လွှတ်တော်၊ မြန်မာ့အရေး ပညာရှင်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေး

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။