Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၅ နယ်မြေ အူမယ်ထာရွာ ဗုံးကြဲခံရ

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဧပြီ – ၂၀ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းအနီးမှာရှိတဲ့ အူးမယ်ထာကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲရာ ထိုင်းနိုင်ငံဘက်ခြမ်းပါဗုံးကျရောက်ပေါက်ကွဲတာကြားသိရတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

“အလုံးတော်တော်များများကြဲတယ်လို့ ပြောတယ်၊ နောက် ထိုင်းဘက်ကမ်းလည်း တစ်လုံးကျတယ်လို့ပြောတယ်၊ ဒါပေမယ့်အခြေအနေဘယ်လိုရှိလည်းဆိုတာတော့ မသိရသေးဘူးနော်”လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အူးမယ်ထာဆေးရုံအဆောက်အဦးလည်းပျက်စီးသွားတာကြောင့် ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်း ထိခိုက်မှု ရှိတယ်လို့အသိပေးပါတယ်။

မူတြော်ခရိုင်မှာသင်္ကြန်ကာလ မတိုင်ခင် ဧပြီလ ၉ ရက်နေ့ကစပြီး ဧပြီလ ၂၀ရက် အထိ နှစ်ပတ်တာဝန်းကျင်အတွင်း ဗုံးကြဲတိုက်ခိုက်မှု တွေကြောင့် အရပ်သား လေးဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါအပြင် ဆေးခန်း၊ ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းပျက်စီးတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ