Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ပံ့ပိုးကြဖို့ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

(မင်းတပ်မြို့မှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - Yan Naing Aung)

ဇွန်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ ပြန်သိမ်းနိုင်ဖို့ အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေမှာ ခုခံတိုက်ပွဲဝင် ရဲဘော်တွေကို ကူညီပေးဖို့ အခုလို ဖိတ်ခေါ်လာတာဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ကို ရဲဘော်တွေက အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ပွဲဝင်နေကြတာ ရပ်နီး/ဝေးမှ ညီအစ်ကိုမောင်နှမများအားလုံး အသိပင်ဖြစ်သလို အကူအညီတွေ လိုအပ်နေတာ သိကြမှာဖြစ်ကြောင်း မင်းတပ်ပအဖက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

” ရှေ့တန်းတွင် အသက်ကိုစွန့်၍ ကာကွယ်နေကြသော ရဲဘော်လေးများ၏ လိုအပ်ချက်များကို နောက်တန်းမှ မိမိတို့အနေဖြင့် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြပါရန် အထူးမေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်..။နယ်ဝေးတွင်ရောက်နေသော မိဘပြည်သူ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း..။နယ်တွင်းရှိ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းပေးအပ်ပါသည်..။”လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကလည်း မင်းတပ်စစ်မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေလိုအပ်နေတာတွေ ဖြည့်ဆည်းနိုင်ရေး ပံ့ပိုးကြဖို့ နှိုးဆော်ပြီး စစ်ရေးအတွက် အလှူခံခဲ့ရာ ရရှိလာတဲ့ ငွေတွေကို စစ်သုံးပစ္စည်းတွေ ဝယ်ယူပြီး ရှေ့တန်းသို့ ပို့ဆောင်ထားကြောင်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်း-မကွေး အစပ်မှာ အင်အားတွေစုဖွဲ့ပြီး ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာရာ မင်းတပ်မြို့နယ်ကို မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။

စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ အကြိမ်ပေါင်းများစွာလုပ်ဆောင်လျက်ရှိရာ ဇွန် ၆ရက်ကနေ ၁၀ရက်နေ့အထိ ၅ရက်တာအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နည်းတူ ကန်ပက်လက် မြို့ကိုလည်း မေလ ၁၈ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ ကန်ပက်လက်ဒေသ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဒေသခံက မနေ့က ဇွန်လ ၁၀ရက်မှာ ပြောပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။