Connect with us

Hi, what are you looking for?

သတင်း

တော်လှန်သဘင်ပညာရှင်တွေရဲ့ အနုပညာဆေးတစက်ရုပ်ရှင် ကနေဒါမှာ ပွဲဦးထွက်ပြမယ်

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။

ဇူလိုင်-၃၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။

” ၂၀၂၁ အာဏာသိမ်းပြီးနောက် ၂၀၂၂ အကူးကာလမှာ PDF တွေကို ထောက်ပို့ပေးနေတဲ့ မထင်ရှားတဲ့ တော်လှန်မင်းသားလေးတစ်ယောက် ထိုင်းနိုင်ငံမှာ ရှိခဲ့ပါတယ်။ သူက ပုံမှန်အလုပ်လုပ်ရင်း အားတဲ့အချိန် အပတ်တိုင်းမှာ မင်းသားဝတ်စုံအပြည့်အစုံနဲ့ ရန်ပုံငွေပွဲတွေမှာ ပါဝင်ကပြပြီး တော်လှန်ရေးအတွက် အလှူခံပေးနေတာကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင် ဇာတ်တစ်ခု ရေးဖြစ်သွားခဲ့တာပါ။ ဒါကတော့ “အနုပညာဆေးတစက်” ဆိုပြီး ဖြစ်လာခဲ့ရတဲ့ အစပဲ ဖြစ်ပါတယ်။ ” လို့ ဒါရိုက်တာအောင်သော်က ပြောပါတယ်။

ဒီဇာတ်ကားကို ဇူလိုင် ၁၁ ရက် နေ့လည် ၁ နာရီမှာ ‌ကနေဒါနိုင်ငံ ဗန်ကူးမားမြို့မှာ ပွဲဦးထွက် ပြသသွားမှာဖြစ်ပြီး ကြိုတင်လက်မှတ်တွေ ဝယ်ယူနိုင်ကြောင်း အနုပညာဆေးတစက် ရုပ်ရှင်ရဲ့ ပေ့ခ်ျမှာ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေ အနေနဲ့ သားစစ် ၊ ကဲကဲ ၊ အောင်ပန်းညိုတို့က ပါဝင် ထားပြီး CDM သဘင်ပညာရှင်တွေလည်း ပါဝင်ထားပါတယ်။

” တော်လှန်ရေးဘက်မှာ ပါဝင်လာကြတဲ့ သဘင်အနုပညာရှင်တွေအားလုံးပေါင်းစပ်ပါဝင်ထားတဲ့ဇာတ်ကား၊ တော်လှန်ရေးနောက်ကွယ်မှာ သူတို့တွေ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနေရလဲဆိုတာနဲ့ ရှေ့ဆက်ပြီးတော့ကော တော်လှန်ရေးမှာ ဘယ်လိုမျိုး ဆက်လက်ဖြတ်သန်းသွားမလဲဆိုတာတွေကို ပေါင်းစပ်ပုံဖော်ထားတဲ့ ဇာတ်ကား ” လို့ တော်လှန်အနုပညာရှင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ပေါက်စီက ညွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook