Connect with us

Hi, what are you looking for?

သတင်း

မတရား​ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက် CPJ ရဲ့ သတင်းလွတ်လပ်ခွင့်ဆုရရှိ

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး ​ထောင်ချခံ​​ထားရတဲ့ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)ရဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆု (IPFA)ကိုတခြားမီဒီယာသမား ၃ ဦး၊ သတင်းဌာန ၁ နဲ့အတူ အခုနှစ်အတွက် ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။

ဓါတ်ပုံ- Reuters

သြဂုတ်-၆၊၂၀၂၆။People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး ​ထောင်ချခံ​​ထားရတဲ့ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)ရဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆု (IPFA)ကိုတခြားမီဒီယာသမား ၃ ဦး၊ သတင်းဌာန ၁ နဲ့အတူ အခုနှစ်အတွက် ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။

ဒီနှစ်အတွက်ဆုရသူတွေ စာရင်းကိုဩဂုတ် ၅ ရက်နေ့မှာ CPJက ထုတ်ပြန်ခဲ့ရာမှာကိုစိုင်းဇော်သိုက်နဲ့အတူ လက်ဘနွန်ရဲ့ ခရစ္စတီနာ အက်ဆီ၊ ဟန်ဂေရီရဲ့ ဇာဘော့ဇ်ပန်ညီ၊ ကိုလံဘီယာရဲ့ အက်စ်တီဖာနီ ရိုဒရီဂါ့ဇ်၊ အီရီထရီးယားရဲ့ The Eritrea 16 သတင်းဌာနတို့ ကအသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေကြားကနေ သတင်းတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြသူတွေကို ချီးကျူး ဂုဏ်ပြုတဲ့ အနေနဲ့ IPFA ဆုတွေကို ချီးမြှင့်ခဲ့တာ အခုဆိုရင် ၃၆ ကြိမ်မြောက် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ နောက်ဆက်တွဲ အခြေအနေတွေကို သတင်းရယူရင်း စစ်တွေမြို့မှာ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ အဲဒီ မုန်တိုင်းထဲမှာ ဒေသခံ ရခိုင်ပြည်သူတွေရော၊ ရိုဟင်ဂျာတွေပါ ထိခိုက် သေဆုံးခဲ့ကြပါတယ်။

အဲဒီနှစ် စက်တင်ဘာလမှာ တော့စစ်ခုံရုံးတစ်ခုက ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး သူဟာ ရန်ကုန်မြို့က အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရပါတယ်။ဒါဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း သတင်းမီဒီယာသမားတွေအပေါ် အပြင်းထန်ဆုံး ချမှတ်တဲ့ ပြစ်ဒဏ် စီရင်ချက်လည်း ဖြစ်ပါတယ်။ ကိုစိုင်းဇော်သိုက်ဟာ အကျဉ်းထောင်ထဲမှာ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ခံရတာတွေ၊ အငြှိုးထား ဖိနှိပ်ခံရတာတွေ ကြုံနေရပြီး ပြင်းထန်တဲ့ ကျန်းမာရေးချို့တဲ့မှုတွေကြုံရတာတောင် ဆေးကုသခွင့် ငြင်းပယ်ခံနေရကြောင်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယ အဆိုးရွားဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်အတွက် အကျဉ်းထောင် မှတ်တမ်းတွေအရ သတင်းသမားတွေကို ဖမ်းဆီးမှု ဖြစ်ရပ်ပေါင်း ၃၀ ရှိတာကို CPJက တွေ့ရှိထားပါတယ်။

ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီး အကျဉ်းချခဲ့တဲ့ လုပ်ရပ်ကတော့ အာဏာသိမ်း စစ်တပ်ဟာ ဝေဖန်ထောက်ပြတဲ့ သတင်းရေးသား ဖော်ပြမှုတွေကို ဖိအားပေး တိတ်ဆိတ်သွားစေဖို့၊ တစ်ချိန်က ဖွံ့ဖြိုးစပြုလာတဲ့မြန်မာ့သတင်းမီဒီယာ လွတ်လပ်မှုကို အမြစ်ဖြတ် ချေမှုန်းပစ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကို မြင်သာစေတဲ့ အဆိုးဆုံး ဥပမာတစ်ခုလို့ CPJက ထောက်ပြထားခဲ့ပါတယ်။

အခုနှစ်အတွက်ဆုပေးပွဲကိုအမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာနိုဝင်ဘာ ၁၉ ရက်နေ့ကျရင် ကျင်းပမယ်လို့ CPJက ထုတ်ပြန်ထားပါတယ်။

CPJက ချီးမြှင့်တဲ့ IPFAဆုကို ဧရာဝတီသတင်းဌာနတည်​ထောင်သူ ဦးအောင်ဇော် နဲ့ DVB သတင်းဌာနတည်​ထောင်သူ ဦးအေးချမ်းနိုင် စတဲ့ မြန်မာ သတင်းစာဆရာ​တွေလည်းရရှိခဲ့ဖူးပါတယ်။

ကိုးကား: CPJ

ဆက်စပ်သတင်းများ

သတင်း

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။

သတင်း

အသက် ၃၅ နှစ်ဝန်းကျင် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ စရဖဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။

News

ကိုဖိုးသားနှင့် မဆုရည်လင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတစ်ခုသို့အသွား လမ်းတွင် အကြမ်းဖက်စစ်တပ် ၏ အဓမ္မဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

News

ကိုဖိုးသားနှင့်အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (လင်းလင်း) လည်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု တကသကျောင်းသားဟောင်းများအင်အားစု-University Students’ Unions Alumni Force က ထုတ်ပြန် သည်။